46

4.5K 474 12
                                    

​ဟွေ့ရင်က လှည့်ကြည့်လိုက်တယ်။

လုရှန်းက လက်​ထောက်ရန် လက်ထဲက ​ရေခဲအိတ်ကို ဆွဲယူပြီး သူမဆီ ​လာ​နေ​လေတယ်။

​ဟွေ့ရင် စိတ်မရှည်​တော့ဘူး။ ဒီအခန်းထဲက ထွက်သွားချင်လှပြီ။ ဒီလူက လွှတ်မ​ပေးနိုင်​သေးဘူးလား။

"ဘာမှမဖြစ်ဘူး"
​ဟွေ့ရင်က ​ခပ်​ပေါ့​ပေါ့​ပြောလိုက်တယ်။
"အိမ်​ရောက်ရင် ​ရေခဲကပ်လိုက်မယ်"

လုရှန်းက ​နားမ​ထောင်ဘဲ လက်ကိုဆွဲယူသွားတယ်။ ​ရေခဲအိတ်ကို ပဝါနဲ့ပတ်လိုက်ပြီး ဒဏ်ဖြစ်သွား​တဲ့​နေရာမှာ အသာ​လေးအုံ​ပေးတယ်။

"နာသွားလား?"

"ဘယ်လို​မေးလိုက်တာလဲ"
ခုနက ချိုသာတဲ့အသံနဲ့ ဘာမှမဆိုင်​တော့ဘဲ ​ဟွေ့ရင်အသံက စိတ်အ​နှောက်အယှက်ဖြစ်တာ သိသာ​နေတယ်။

"နာတာ​ပေါ့!"

သူတို့​က ရုံးခန်းအပြင်ဘက်ကို ​ရောက်​နေကြပြီ။ ဒီအဖြစ်အပျက်ကိုမြင်လိုက်တဲ့ ဝန်ထမ်း​တွေဟာ ​သွေးအန်​တော့မလိုဖြစ်သွားတယ်။ ဟိုမိန်းက​လေး...။ သူက လက်​ထောက်ရန်ရဲ့ မိတ်​ဆွေမဟုတ်ဘဲ သူ​ဌေးရဲ့မိတ်​ဆွေ​ပါလား!

ပြီး​တော့လည်း သူ​ဌေးက သူ့လက်မှာ ​ရေခဲအိတ်ကပ်​ပးဖို့ ခ,ယနေ​ရသေးတယ်!

သူ​ဌေးက တကယ် ဂရုစိုက်​နေတာပဲ!

Global warming က​တောင် အန်မတုနိုင်တဲ့ ငါတို့ရဲ့ သူ​ဌေး ​ရေခဲတုံးကြီးက ဒီမိန်းက​လေးနဲ့ကျ​တော့ သိမ်​မွေ့​နေလိုက်တာ!

မြင်​နေရတာ​တွေက ဟုတ်မှဟုတ်ရဲ့လား?

ဘာ​တွေဖြစ်ကုန်တာလဲ?

အမျိုးသမီးဝန်ထမ်း​တွေအားလုံးဟာ ဂျယ်လီနင်ကုန်ကြ​တော့တယ်။ သူတို့​တွေက နျန်ကျန်းကိုလည်း မနာလိုဖြစ်ကြပါတယ်။ ဒါ​ပေမယ့် နျန်ကျန်းရဲ့ ​နောက်ခံ ဘယ်​လောက်​တောင် ​တောင့်တင်းသလဲဆိုတာ သူတို့အားလုံး သိထားကြတယ်​လေ။ သူနဲ့ ယှဥ်ဖို့ ​တွေး​တောင်မ​တွေးရဲကြဘူး။ ရှုံးမှာ ​သေချာ​နေတာကို။

အခု ဘယ်သူမှန်းမသိရတဲ့မိန်းက​လေးကျ​တော့...အ​ခြေအ​နေက မတူ​တော့ဘူး။

"ငါ့ကို တစ်ချက်​လောက် ရိုက်စမ်းပါ။ ငါ အိပ်မက်မက်​နေတာများလား"

"သူဘယ်သူလဲ? သူဘယ်သူလဲ?!"

"ကြီးမြတ်လှတဲ့နဂါးဘုရင်ကြီးက သူ့ကို ဒီလို​တောင် ဂရုစိုက်တယ်​ပေါ့..."

"ဒါဆို သူ​ဌေးက ​ဂေးမဟုတ်ဘူး​ပေါ့!"

"​ဒါ​ပေါ့ဟ! ​ဂေးမဟုတ်ပါဘူး! ဒီလိုရုပ်ရည်မျိုးနဲ့ဆို​တော့ သူ့ကိုယ်သူ ပြန်ကြိုက်​နေတာများလားမသိဘူး"

...

​သူတို့ ဦးတည်​ပြော​နေတဲ့ နှစ်​ယောက်က​တော့ ​ဘေးနားက​နေ ကျွတ်စီကျွတ်စီ အတင်းတုပ်​နေတာ​တွေကို အ​ရေးမစိုက်အားဘူး။ လွန်ဆွဲတမ်းကစား​နေကြတယ်။

"အဆင်​ပြေတယ်လို့ ​ပြော​နေတယ်​လေ"
​ဟွေ့ရင်က ဘယ်နှကြိမ်​မြောက်မှန်း မသိ​တော့​အောင် ​ပြောရင်း လုရှန်းလက်က​နေ ရုန်း​နေတယ်။
"​ရေခဲအိတ် ကပ်​ပေးရုံပဲမလား? အိမ်ကျမှ ကပ်လိုက်လည်း ရပါတယ်"

"ငါ့မှာ တာဝန်ရှိတယ်​လေ၊ ငြိမ်ငြိမ်​နေ"
လုရှန်းကလည်း ​ဒေါသထွက်စပြုလာတယ်။

"ကျွန်မလက်​မောင်းက ​ကျောက်စက်ပန်းဆွဲနဲ့​တောင် တူ​နေပြီ။ လုရှန်း! ရှင် ကျွန်မကို သက်သာ​အောင်လုပ်​ပေး​နေတာလား၊ ဖျားအောင် လုပ်​နေတာလား?"

"​ရေခဲအိတ်​လေးကပ်ရုံနဲ့ ဘယ်လိုလုပ် ဖျားမှာလဲ?"

"​ဟွေ့ရင်လက်က သက်သာမလာတာကို ​တွေ့​တော့ လုရှန်းက သူမလက်​မောင်းကို ​မြှောက်ကိုင်လိုက်တယ်။

"အ​ပေါ်​မြှောက်ထားရမယ် ထင်တယ်"

ဟွေ့ရင် အံကြိတ်လိုက်မိတယ်။
"ဟုတ်ပြီ​လေ။ ချိုင်းနံ့ရှူ​ပေါ့။ အသက်ရှူကြပ်ပြီး ​သေသွားလည်း ​အေးတာပဲ"

လုရှန်းမျက်နှာက မည်းသွားတယ်။

သူတို့ကို မသိမသာနားစွင့်​နေတဲ့ လက်​ထောက်ရန်က​တော့ အ​တော်​လေး အံ့သြသွားတယ်။
မိန်းက​လေး​ဟွေ့နဲ့ သူ​ဌေးလုက က​လေးဆန်ကြတယ်လို့ သူဘာလို့များ မြင်​နေမိပါလိမ့်?

သူ​ဌေးက ရုံးခန်းထဲမှာ ချန်ထားရစ်ခဲ့တဲ့ နျန်မိန်းက​လေးကို ခိုးကြည့်ပြီး​တော့ သူ တံ​တွေးမျိုချမိတယ်။ ကြင်ယာဖက်​နောက်ကွယ်မှာ ရည်းစားထားတဲ့ အဖြစ်မျိုးအတွက် သိသာတဲ့ ဥပမာတစ်ခုပဲ...

ချန်ထားခံရတဲ့ 'ကြင်ယာဖက်' ကို ဘယ်လိုဘယ်ပုံ နှစ်သိမ့်​ပေးရမယ် မသိတဲ့ လက်​ထောက်ရန်တစ်​ယောက် ကြမ်း​ပေါ်က ​ကျောက်စိမ်းအကွဲစ​တွေကိုသာ ရှင်း​နေလိုက်​တော့တယ်။

သူ​တွေးမိသလိုပဲ...မိန်းမ​တွေက ထိလွယ်ခိုက်လွယ်လွန်းတယ်!

Revenge Sevenfold {Unicode} [Myanmar Translation]Tahanan ng mga kuwento. Tumuklas ngayon