56

4.2K 453 4
                                    

လုရှန်းသည် အခန်းတွင်းသို့ဝင်သွားကာ ဝရန်တာဆီသွား​သော တံခါးရွက်နှစ်ဖက်ကို တွန်းဖွင့်လိုက်သည်။

ဝရန်တာလက်ရန်းတိုင်များကို ဧဒင်ဥယျာဥ်သဖွယ် ထွင်းထုထားသည်ကိုမြင်​သောအခါ သူသ​ဘောကျသွားသည်။

ဒီစံအိမ်ကို သူဝယ်ခဲ့ခြင်းမှာ အခန်းဖွဲ့စည်းပုံ၊ အဆင်အပြင်များကို နှစ်သက်​သော​ကြောင့် ဖြစ်သည်။ သူမအခန်းဝရန်တာမှ ကြည့်လျှင် အိမ်​ရှေ့​ပေါ်တီကို၊ ​ရေကူးကန်၊ တန်းနစ်ကွင်းနှင့် မှန်အိမ်အတွင်းမှ အပင်များကို ကောင်းစွာမြင်ရ​လေသည်။ လုရှန်းအ​နေနှင့်မူ ထို​နေရာများကို တစ်ခါမှ မ​ရောက်ရ​သေး​ပေ။

ပြည်တွင်း၌​ရော ပြည်ပ၌ပါ သူပိုင်ဆိုင်​သောနေရာ များစွာရှိသည်။ အားလုံးစုံ​အောင်ပင် သူ မ​ရောက်ဖူး​ချေ။ ထို​နေရာများကို အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံသည့်သ​ဘောနှင့် ဝယ်ခဲ့ခြင်းဖြစ်သည်။ ​ပြောရလျှင် ​ငွေ​ကြေး​ဖောင်းပွမှုကို ကာကွယ်ရန်လည်းဖြစ်​ပေသည်။

"တစ်ပတ်ပဲ လို​တော့တယ်"

သူသည် ခပ်တိုးတိုး​ရေရွတ်ရင်း ပြုံးလိုက်မိသည်။

သူက ​ကော်ဖီတစ်ငုံ ​သောက်လိုက်သည်။ သူ့အကြည့်က လက်ရန်းတိုင်များ​ပေါ်တွင် မရှိ​တော့ဘဲ မျက်စိတစ်ဆုံး ​ငေး​မျှော်​နေ​လေသည်။

မ​တော်တဆမှုအ​ကြောင်းကို ​လုရှန်း ကောင်းစွာ မှတ်မိ​နေ​သေးသည်။

သတ္တုမီး​လောင်သည့် ​ညှော်နံ့ကို​ရော၊ သူ့ကို ဖိထားသည့် ​လေအိတ်ကြီးကို​ရော၊ ​နောက်ပြီး ​ပင့်ကူအိမ်သဖွယ် ကွဲအက်​နေ​သော ကားလေကာမှန်ကို​ရော သူမှတ်မိ​နေ​သေးသည်။ ကားသည် ​တစ်ပတ်ပြီးတစ်ပတ်လည်ကာ တားမြတ်နယ်နိမိတ်ထဲ​ရောက်မှ ရပ်တန့်သွားခဲ့သည်။ ကားတစ်ပတ်လည်သွားတိုင်း လုံခြုံ​ရေးခါးပတ်က သူ့ကို ​ဆောင့်ဆွဲ​ထားသကဲ့သို့ ရှိ​လေသည်။

သူ သတိလစ်သွားပြီး နိုးလာ​တော့ သူ့ကိုယ်သူ ဘယ်​ရောက်​နေမှန်း မသိခဲ့​ချေ။ ယာဥ်အပျက်အစီးပုံကြားမှ တိုးထွက်ပြီး မိုး​ရေထဲတွင် ဦးတည်ရာမရှိ အလဲလဲအပြိုပြို ​လျှောက်သွား​နေမိ​လေသည်။

Revenge Sevenfold {Unicode} [Myanmar Translation]Where stories live. Discover now