54

4.3K 418 8
                                    

Note - ဒီအပိုင်းမှာ ရှင်းလင်းချက်တွေများ​​သွားပါတယ်။  ကွင်းစကွင်းပိတ်ထဲက စာ​တွေကို မျက်စိ​နောက်ရင် ​ကျော်သာချသွားပါလို့...

Boonie Bears ကြည့်လို့ပြီးသွားတဲ့အထိ အမွှာနှစ်​ယောက်က မအိပ်ချင်ကြ​သေး​တော့ ​ဟွေ့ရင် အ​တော်​လေးအံ့ဩသွားတယ်။

သူတို့ညီအစ်ကို​တွေထဲမှာ ကျန့်ရွှီက အဆိုးဆုံးဆို​ပေမယ့် မုန့်လုံး​လေးနှစ်လုံးကလည်း သိပ်​နောက်ကျကျန်​နေတာ​တော့ မဟုတ်ဘူး။ အမွှာ​လေး​တွေကို က​လေးတစ်​ယောက်ရဲ့ ​မွေး​နေ့ပွဲက​နေ သွားကြိုဖို့ ကျန့်ရွှီနဲ့အတူ ဟွေ့ရင် လိုက်သွားခဲ့ဖူးတယ်။ ဟို​ရောက်​တော့ ​မွေး​နေ့ရှင်​တွေဘက်က လာတိုင်ကြတယ်။ ကျန့်သခင်​လေးနှစ်ယောက်က ကိတ်မုန့်မစားဘဲ အိပ်​ပျော်​နေကြလို့တဲ့​လေ။

ဆိုဖာ​ပေါ်မှာ ထိုင်​နေတဲ့နှစ်​ယောက်သားကို ​ဟွေ့ရင် လှည့်ကြည့်လိုက်တယ်။ ဝူကျိ​လေးက ဇာတ်ကားကြည့်​နေစဉ်တစ်​လျှောက်လုံး Rubik's cube ကို ​ဖြေရှင်း​နေတယ်။ ရှန်း​လေးက ဝက်ဝံညီ​နောင်ရဲ့ စွန့်စားခန်း​တွေကို သ​ဘောကျလို့ လက်ခုပ်လက်ဝါးတီးပြီး ရယ်ရင် သူ့ညီကို လှမ်းလှမ်းကြည့်တတ်​သေးတယ်။

"ကဲ...သခင်​လေးတို့ မအိပ်ခင် ဘာများလုပ်ချင်ကြပါ​သေးသလဲ"

ရှစ်နာရီ​ကျော်​ကျော်​လေးပဲ ရှိ​သေးလို့ ​ဟွေ့ရင်က ချိုသာစွာ ​မေးလိုက်တယ်။

"​ကြောင်နဲ့ကြွက်!"

ရှန်း​​လေးမျက်လုံးက အ​ရောင်​တောက်သွားတယ်။

(​တကယ်​ကြောင်နဲ့ကြွက်​တော့ မဟုတ်ပါဘူး။ ကစားပုံက နည်းနည်းဆင်​နေလို့။ မူကြို​တွေကစားတဲ့ ကစားနည်းမျိုးပါ။)

ဝူကျိ​လေးက Rubik's tube ကို လွှင့်ပစ်လိုက်ပြီး​တော့

"မ​ဆော့ဘူး"

"ဝူကျိ​လေး၊ တခြားတစ်ခုခုများ...​ဆော့ချင်လို့လား"

​ဟွေ့ရင်က စိတ်လှုပ်ရှား​နေတာကို ဖုံးကွယ်ပြီး သူ့အကြံကို ထပ်​တောင်းကြည့်တယ်။ သူက ​လေးနှစ်သား​လေးပဲ​လေ။ သူ့အကြိုက်​တွေက ဒီ​လောက်မဆိုးနိုင်ပါဘူး...ဟုတ်တယ်မလား။

Revenge Sevenfold {Unicode} [Myanmar Translation]Where stories live. Discover now