"ဒါ...ဒါက ဘာကြီးလဲ?"
လုရှန်းရဲ့ မျက်ခုံးနှစ်ဖက်က နီးသထက် နီးကပ်လာတယ်။ သူ့မျက်နှာက တင်းမာနေတယ်။
သူ့ရဲ့ ဒီလို 'အကြီးအကျယ် မကျေမချမ်း' ဖြစ်နေတဲ့ မျက်နှာထားကို သူ့လက်အောက်က ဘယ်သူမဆို တန်းမှတ်မိကြမှာပဲ။ အကြံပြုချက်တစ်ခုခုကို ငြင်းပယ်တဲ့အခါမျိုး တစ်ယောက်ယောက်ကို အလုပ်ဖြုတ်တဲ့အခါမျိုး၊ လုပ်ငန်းအစည်းအဝေးတွေ သွေးချောင်းစီးတဲ့အခါမျိုးမှာ ဒီမျက်နှာထားဟာ သင်္ကေတတစ်ခုလိုတောင် ဖြစ်နေပြီ။
"ဒါက ထင်းလွန်းမနေဘူးလား?"
ဟွေ့ရင်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်တယ်။
"pj ရဲ့အဝတ်အစားကို ရှင့်အတွက် ထုတ်ပေးထားတာ"လုရှန်းရဲ့ အာရုံက 'pj ရဲ့' ဆိုတဲ့ စကားလုံးအပေါ် ကျရောက်သွားတယ်။ ဝတ်စုံကို အိပ်ယာပေါ် ပစ်မတင်ခင် ရွံရှာဟန်နဲ့ တစ်ချက်ကြည့်လိုက်သေးတယ်။
"ပုံမှန်ဝတ်စရာလေးဘာလေး မရှိဘူးလား?"
မနှစ်မြို့တာ သိသာလှတဲ့ သု့အသံကြောင့် ဟွေ့ရင် ကြိတ်ပျော်သွားတယ်။
"မရှိဘူး။ ဘာမှမပါဘဲ တိုက်ခန်းထဲ လျှောက်သွားမနေချင်ရင် ဒါပဲဝတ်စရာရှိတယ်"
ဟွေ့ရင်က လုရှန်းကို ကျောခိုင်းထားတာကြောင့် သူမကို အနောက်ကနေ သိုင်းမဖက်လိုက်ခင်အထိ သူ တရွေ့ရွေ့တိုးကပ်လာတာကို မသိခဲ့ဘူး။
သူက ဟွေ့ရင်ပုခုံးပေါ်မှာ မေးတင်လိုက်တယ်။ သူစကားပြောလိုက်တော့ ထွက်လေနွေးနွေးက သူမလည်တိုင်ကို ရိုက်ခတ်လာတယ်။
"ဘာမှမဝတ်ဘဲ နေရလည်း အဆင်ပြေပါတယ်"
သူ့ဝမ်းဗိုက်သားရဲ့ အနွေးဓာတ်ကိုတောင် ဟွေ့ရင် ခံစားမိနေတယ်။ ပြီးတော့ အခုထိမသုတ်ရသေးတဲ့ ဆံပင်ရဲ့ အစိုဓာတ်။ သူမ စိတ်ထဲမှာ ကြိတ်ပြီး ဆဲရေးနေမိတော့တယ်။
ဒီနတ်ဘုရားကိုမှ ဘာလို့များ သွားစိန်ခေါ်ရတာလဲ?
အခုတော့ သူမအစီအစဉ်လေး တန်ပြန်အကျိုးသက်ရောက်သွားရပြီ။
ဟွေ့ရင်တစ်ယောက် ထိုနတ်ဆိုးရဲ့ရှေ့မှာ ဒူးထောက်ချပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်တော့မယ့်အချိန်မှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာတယ်။
ဟွေ့ရင် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်မိတယ်။
လုရှန်းရဲ့ နှုတ်ခမ်းအစွန်းက ကွေးတက်သွားတယ်။ သူက ဘာမှပြောမနေဘဲ တံခါးဆီ ဦးတည်ထွက်သွားတော့တယ်။
လက်ထောက်ရန်က နောက်တစ်ကြိမ် တံခါးခေါက်မယ်တော့မယ့်အချိန်မှာ တံခါးပွင့်သွားပြီး လုရှန်းရဲ့ ဗလာကျင်းနေတဲ့ ကိုယ်တစ်ပိုင်းပေါ်လာတယ်။ သူပြောမယ့် စကားလုံးတွေက လည်ချောင်းထဲတင် ပျောက်ဆုံးသွားပြီး လက်ထဲက ခေါက်လျက်သားအဝတ်တွေကိုသာ ကမ်းပေးလိုက်တော့တယ်။
CEO လု က Miss ဟွေ့နဲ့ စေ့စပ်ထားတာကို လူအနည်းငယ်သာသိကြတယ်။ လုရှန်းရဲ့ လက်ထောက်တစ်ယောက်အနေနဲ့ သူလည်း ဒါကိုသိထားတယ်။
Miss ဟွေ့ရဲ့ တိုက်ခန်းကို သူဌေး မကြာခဏလာတတ်တာ သူသိတယ်။ ဒါပေမယ့် သူဌေးကို အဝတ်အစားမပါဘဲတွေ့ရတာ ဒါပထမဆုံးပဲ။ မိန်းကလေးတွေအများကြီး သူဌေးကို တပ်မက်နေကြပေမယ့် သူက ဘယ်သူ့ကိုမှ အာရုံစိုက်ဖူးတာ မဟုတ်ဘူး။ သူ့ဘဝထဲမှာ မိန်းကလေးဆိုလို့ Miss ဟွေ့နဲ့ ငယ်သူငယ်ချင်း Miss နျန်ပဲ ရှိတယ်။
စေ့စပ်ပွဲအကြောင်း မသိကြတဲ့လူတွေက CEO လုကို ဂေးလို့တောင် ထင်ကြေးပေးကြတယ်။ သူက မိန်းကလေးတွေအပေါ် တစ်ခါမှ စိတ်ဝင်စားပုံ မပြဖူးဘူး။
ဒါပေမယ့် အခု သူဌေးက အဝတ်မပါဘူးဆိုတော့
သူတို့ ဟို...ဟာ လုပ်နေကြတာ မလား?လုရှန်းက သူ့လက်ထောက်ရဲ့ အံ့အားသင့်နေတဲ့ အမူအရာကို ဂရုမစိုက်ဘဲ လက်ထဲကအဝတ်တွေကိုသာ ဆွဲယူလိုက်တယ်။ ပြီးတော့ ကျေးဇူးတင်စကား တစ်ခွန်းမှမပြောဘဲ တံခါးပိတ်ချလိုက်တော့တယ်။
ရန် က စိတ်မခုပါဘူး။ သူ့မှာ သိချင်စိတ်တွေနဲ့ ပေါက်ကွဲထွက်တော့မယ်။ ဒါပေမယ့် သူ့သူဌေးအကြောင်းတွေ ပြန့်သွားရင် ဘာဖြစ်မလဲဆိုတာ သူသိပါတယ်။
လုရှန်း ဒေါသထွက်နေတဲ့အချိန်မှာ ပိုဆိုးအောင် မီးခိုးတိုက်မိတဲ့လူဟာ ခွေးတွေလို သေကြရတာပဲ။
ခေါင်းကို ခါယမ်းလိုက်ပြီး တိုက်ခန်းလေးထဲမှာ ဘာတွေဖြစ်နေမလဲဆိုတာကိုသာ တိတ်တဆိတ် တွေးကြည့်နေမိတော့တယ်။
ရန် စိတ်ထဲကနေ ကြွေးကြော်လိုက်တယ်။
သူဌေး အားတင်းထား!
YOU ARE READING
Revenge Sevenfold {Unicode} [Myanmar Translation]
Romanceဖတ်ရတာ အလုပ်မရှုပ်အောင် Unicode နဲ့ Zawgyi ကို တစ်အုပ်စီ ခွဲထားပါတယ် Zawgyi နဲ့ ဖတ်ချင်ရင် ဝင်ရှာကြည့်လိုက်ပါနော် . . . "အားလုံးကိုထားပြီး ထွက်သွားလိုက်ချင်တယ်" တစ်စုံတစ်ရာက လက်ကောက်ဝတ်မှာ ရစ်သိုင်းလာတယ်။ ဟွေ့ရင် အထိတ်တလန့်ငုံ့ကြည့်လိုက်တော့ လုရှန်း...