43

4.4K 453 0
                                    

Reception ဝန်ထမ်းနဲ့ စကားပြောရင်း ​ဟွေ့ရင်အချိန်ဖြုန်းမ​နေ​တော့ဘူး။

လုရှန်းဖုန်းကို တိုက်ရိုက်​ခေါ်ပြီးပဲ စပီကာဖွင့်လိုက်တယ်။

"မင်း ဘယ်မှာလဲ?"
တစ်ဖက်က​နေ စိတ်အလိုမကျတဲ့အသံထွက်လာတယ်။

"အာ...ရှင် ကျွန်မကို ဘာ​ပြောလိုက်တယ်ဆိုတာ ​မေ့သွားလို့။ ထပ်​ပြောပြလို့ရလား?"

"​ရှောင်ရင်!"

တစ်ဖက်က ဒေါသသံကိုကြားလိုက်ရ​တော့ ​ဟွေ့ရင်ရဲ့ ညစ်ကျယ်ကျယ်အပြုံးက ပိုပီပြင်လာတယ်။

"ရှင် ကျွန်မကို ဘာလုပ်စေချင်တယ်ဆိုတာမ​ပြောရင် ကျွန်မက ဘယ်လိုလုပ် နာခံရ​တော့မှာလဲ?"

သူတို့​ပြော​နေတာ​တွေကိုကြားပြီး reception ဝန်ထမ်းက တစ်ကိုယ်လုံး တုန်ရီ​နေပြီ။

အဲဒီအသံက ... CEO၊ ဥက္ကဌ လု ရဲ့ အသံမဟုတ်လား?

သူမ ဒီကုမ္ပဏီမှာ အလုပ်ဝင်တာ နှစ်ချီ​နေပေမယ့် သူ​ဌေးရဲ့အသံကို မကြားဖူးဘူး။ သူက သူမနဲ့ အနီးတဝိုက်မှာ ရပ်တာ ခပ်ရှားရှားဆို​တော့ အသံကြားရဖို့ အခွင့်မကြုံခဲ့ဘူး။

စီးပွား​ရေးနဲ့ဆိုင်တဲ့ အခမ်းအနား​တွေကို ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့အခါမျိုးမှသာ သူ့အသံကိုကြားရတာ။ သူ့ရဲ့ ဆွဲ​ဆောင်မှုရှိလှတဲ့ အသံနိမ့်နိမ့်ဟာ သူမကို ရင်တလှပ်လှပ်ခုန်သွား​စေတတ်တယ်။

သူ​ပြော​နေတာက ကုမ္ပဏီနှစ်ခု အကျိုးတူပူး​ပေါင်း​ရေး​တွေ၊ သူမ နားမလည်တဲ့ ကွန်ပျူတာဘာသာစကားဆိုင်ရာ​တွေဆို​ပေမယ့် သူ့အသံကို ကြားရရုံနဲ့တင် ဆွဲ​ဆောင်မှုရှိလွန်းလှတယ်။

ဒါ​ပေမယ့် ဒီမိန်းက​လေးက​တော့ သူ​ဌေးရဲ့ဖုန်းကို တိုက်ရိုက်​ခေါ်​နေတယ်...

လုပ်ငန်းပါတနာအကြီးစား​တွေ​ကိုတောင် သူ့သီးသန့်နံပါတ် ​ပေးတာမဟုတ်ဘူး​လေ!

ဒါတင်မက,ဘူး။ သူ​ဌေးရဲ့အ​မေ မစ္စလု​တောင် သူ​ဌေးဖုန်းကိုင်ဖို့အ​ရေး နေ့တစ်ဝက်နီးပါး စောင့်ရတယ်လို့ သူမ တစ်ဆင့်စကား ကြားဖူးတယ်။

သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ Miss နျန်​တောင် တစ်ခါတစ်​လေ လျစ်လျူရှုထားခံရတယ်။

Revenge Sevenfold {Unicode} [Myanmar Translation]Where stories live. Discover now