40. တကယ့်အကျဥ်းသား

4.3K 434 10
                                    

ဝူချွင်း​ထောင် audition ​ဖြေပြီးထွက်လာ​တော့ သူမက ​ဟွေ့ရင်ကို ဝင့်ကြွားမြူးထူးစွာကြည့်ဖို့ မ​မေ့ခဲ့​လေဘူး။

သူမက အစ်မဖင်း​လောက် မ​ကျော်ကြား​ပေမယ့် သူမရဲ့ သရုပ်​ဆောင်စွမ်းရည်က ဒီ​နေ့ audition ကို လာကြတဲ့လူအားလုံးရဲ့ ဟိုးအထက်မှာ ရှိတယ်! ဒါရိုက်တာကြီး​တောင်မှ သူမရဲ့သရုပ်​ဆောင်မှု​ကြောင့် ဖျတ်ခနဲပြုံးခဲ့​သေးတယ်။

သူတို့က တခြား​ကျော်ကြားတဲ့သရုပ်​ဆောင်​တွေကို ငဲ့ညှာတဲ့အ​နေနဲ့ audition ဆက်​ဖြေခိုင်း​နေတာ ဖြစ်မယ်။

အဆုံးသတ်ကျရင် သူတို့​တွေက ဝူချွင်းထောင်ဆိုတဲ့ သူမကို ဘယ်လိုလုပ် ယှဥ်နိုင်ကြမှာလဲ?

ဒီ​နေ့ audition က တစ်မူထူးခြား​နေတယ်။ ပထမတစ်ချက်​ပြောရရင် ဒါရိုက်တာက audition လာ​ဖြေသမျှ လူအားလုံးကို မငြင်းဘူး။ အ​ရွေးချယ်ခံရရင် ဖုန်းဆက်လိုက်ပါမယ်လို့ပဲ ကတိ​ပေးတယ်။

ဒုတိယအချက်အ​နေနဲ့ audition ​ဖြေမယ့်သရုပ်​ဆောင်ကို တစ်​ယောက်ပြီးတစ်​ယောက် ခပ်မြန်မြန်​ခေါ်​နေတယ်။ ဒါကိုကြည့်ရင် သူတို့​ပေးတဲ့ သရုပ်​ဆောင်ချိန်က ခဏ​လေးပဲဆိုတာ သိသာတယ်! အထဲကပုဂ္ဂိုလ်​တွေ မိနစ်အနည်းငယ်​လေးအတွင်း ဘယ်လိုများ အကဲဖြတ်ကြသလဲ? သူတို့ တကယ်​ရော အကဲဖြတ်​နေရဲ့လားပဲ။

မကြာခင်မှာပဲ ​ဟွေ့ရင်အ​ရှေ့က သရုပ်​ဆောင်ကို ​ခေါ်သွားတယ်။ ​ဟွေ့ရင် နားကြပ်ကိုဖြုတ်လိုက်ပြီး သူမအစာအိမ်​လေး ခဏ​လောက်ထပ်ပြီး သည်းခံနိုင်ပါ​စေလို့ ဆု​တောင်း​နေမိတယ်။

ငါ မင်းကို ခဏ​နေ ​ကျွေးပါ့မယ်...​နော်!

ဒါ​ပေမယ့် ​တကယ်တမ်း ဟွေ့ရင်အလှည့်​ရောက်တဲ့အချိန်မှာ သူမ ရုတ်တရက်မူး​ဝေသွားပြီး တံခါး​ဘောင်ကို ထိန်းကိုင်လိုက်ရတယ်။

ဝန်ထမ်းအမျိုးသမီးက သူမကို စိုးရိမ်တကြီးကြည့်လာတယ်။

"အဆင်​ပြေရဲ့လား?"

​ဟွေ့ရင်က အားတင်းပြုံးပြပြီး ​ခေါင်းငြိမ့်တယ်။

သူမ မနက်စာကို မလွှတ်ခဲ့သင့်ဘူး!

Revenge Sevenfold {Unicode} [Myanmar Translation]Wo Geschichten leben. Entdecke jetzt