50

4.4K 484 28
                                    

ညနေ ငါးနာရီခွဲလောက်မှာ ဟွေ့ရင် တီဗွီထိုင်ကြည့်နေတုန်း တံခါးခေါက်သံ ကြားလိုက်ရတယ်။

"လာပြီ"

သူမက ပြန်ထူးလိုက်ရင်း ဆိုဖာပေါ်က ပြေးဆင်းပြီး တံခါးသွားဖွင့်တယ်။

တံခါးဖွင့်လိုက်တော့ အပြင်မှာ ရပ်စောင့်နေကြတဲ့ ကျန့်ညီနောင်သုံးဖော်ကို တွေ့လိုက်ရတယ်။  ဝင်စ နေရောင်ကြောင့် သူတို့ဆံပင်တွေဟာ ရွှေရောင်သမ်းနေကြတယ်။

"အိပ်ချိန်ရောက်ပြီ"

ဝတ်စုံပြည့်ကို မလဲရသေးတဲ့ ကျန့်ရွှီက ပုခုံးတွန့်ပြရင်း ပြောလာတယ်။

မျှော်လင့်ချက်အပြည့်နဲ့ မျက်နှာလေးနှစ်ခုက သူ့နောက်ကနေ ပြူကြည့်နေကြတယ်။  ဟွေ့ရင်ဟာ ဒီမုန့်လုံးလေးနှစ်လုံးကို မဖက်ဘဲ မနေနိုင်တော့လို့ အားရပါးရ ဖက်ပစ်လိုက်တယ်။

"မင်းတို့နှစ်ယောက်ကို အရမ်းလွမ်းနေတာ...အရမ်းပဲ"

ဝူကျိလေးနဲ့ ရှန်းလေးက သားမွေးကုတ်အင်္ကျီ ဆင်တူဝတ်ထားကြတယ်။  ဝူကျိလေးကဆိုရင် နက်ပြာရောင်မာဖလာကိုတောင် ပတ်ထားလိုက်သေးတယ်။

"မင်း အရမ်းကြည့်ကောင်းနေတယ်"

သူတို့က အတော်လေးကြည့်ကောင်းနေတော့ ဟွေ့ရင်က ဝူကျိလေးကို ချီးမွမ်းလိုက်တယ်။

ရှန်းလေးကလည်း အားကျမခံ မျက်မှန်အကြီးကြီးကို ပင့်တင်လိုက်ပြီးတော့ မျက်နှာကို မော်ချီထားလိုက်တယ်။  ဟွေ့ရင်က သူ့ကို မကြည့်တဲ့အခါကျတော့ အင်္ကျီလက်ကို ခါယမ်းပြီး လက်နောက်ပြန်ပစ်လို့ ခပ်ဝေးဝေးကို စိုက်ကြည့်နေလေတယ်။

မိန်းမရေ...ကျွန်တော်ကရော မချောဘူးလား...
ကျွန်တော် ဘယ်လောက်တောင် ကြည့်ကောင်းတယ်ဆိုတာ မြန်မြန်လေး သတိပြုမိစမ်းပါတော့...

"ရှန်းလေး...မင်းက အရမ်း ရင့်ကျက်တာပဲ...အားး"

သူတို့နှစ်ယောက်က ချစ်စရာကောင်းလွန်းတော့ ဟွေ့ရင်မှာ အသည်းယားနေတော့တယ်။

ဘေးမှာရပ်နေတဲ့ အမေ့ခံကျန့်ရွှီခမျာတော့ ဒီလို ပွင့်လင်းမြင်သာတဲ့ အာရုံစိုက်မှု ခံယူပွဲကြီးကိုကြည့်ပြီး ကြောင်,အ နေတော့တယ်။ 

Revenge Sevenfold {Unicode} [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang