UNICODE
'ဆရာ အရေးပေါ်ခန်းထဲမှာ လူတယောက်လက်နာလို့လာပြနေတယ် စီနီယာတွေကကော်ဖီဆင်းဝယ်နေကြလို့......'
ခေါင်းတချက်ငြိမ့်ပြလိုက်တယ် ဖတ်လက်စစာအုပ်ကိုပိတ်လိုက်ပြီး မျက်မှန်ကိုချွတ်မျက်ကြောတွေကိုအသာနှိပ်ပေးလိုက်တယ် ဘေးကကော်ဖီပူပူအချိူလေးကိုတကျိုက်မော့သောက်ပြီးထထွက်လာခဲ့တယ်.....
.
.
.
အရေးပေါ်အဆောင်က လူနာဆောင်ကလိုက်ကာစကိုဖယ်လိုက်တော့ မြင်တွေ့လိုက်ရတဲ့မျက်နာ.....
လက်ကောက်ဝတ်ကိုအသာယာစုပ်ကိုင်ပြီ မဲ့ရူံနေတဲ့လူ.....
နာမှာပေါ့ ဒီလောက်အေးနေတဲ့အချိန်ကိုယ်တောင် ရေအေးတွေကိုင်နေတာ ဖြစ်တာတပတ်ပြည့်တော့မယ် ခုမှဆေးရုံလာပြတာလား....
ချောင်ကျနေတဲ့မျက်နာကိုကြည့်ရင်း ဘာကိုအားမလိုအားမရဖြစ်နေလဲ ကိုယ့်ကိုယ်လဲမသိတော့ဘူး တကယ်စိတ်ရူပ်စရာကောင်းတယ်ပတ်ချန်းယောလ်....
.
.
.
လိုက်ကာစဖယ်လိုက်တဲ့လူရဲ့ မြင်ရတဲ့မျက်နာ ဆယ်ဟွန်း သူက .....
သူကဆရာဝန်တယောက်ဘဲ စိတ်အနောင့်ယှက်မဖြစ်အောင်ရှောင်ပါ့မယ်ဆိုမှ ပက်ပင်းကြည့်တိုးနေတာ....
ကိုယ့်ကိုယ်မြင်လို့ မျက်မှောင်ကြုပ်သွားတဲ့သူ့ကို အပြစ်မမြင်ရဲ့ ဘာအကြောင်းပြချက်မှမရှိဘဲ ထားခဲ့တဲ့ကိုယ်သာ အပြစ်ရှိသူ....
မုန်းသင့်ပါတယ်လေ.....
လွမ်းနေခဲ့တာ အများကြီးလွမ်းနေခဲ့တာ သတိရနေခဲ့တာလို့ပြောပြချင်ပေမယ့် မဖြစ်နိုင်တော့ဘူးလေ....
ဘာမှပိုင်ဆိုင်စရာမရှိရင်တောင် မင်းတယောက်ကိုတော့ထာဝရပိုင်ဆိုင်ချင်ခဲ့မိတာ ဒါဘဝမှာပထမဆုံးနဲ့နောက်ဆုံးဆန္ဒပါလို့ ဆုတောင်းရင်တောင် ဒီတသက်မပြည့်တော့ဘူးလေ....
ရရှိခဲ့တဲ့ အခွင့်ရေးကိုကိုယ်ကိုယ်တိုင်လက်လွှတ်ခဲ့တာဘဲ ခုချိန်မှာ ငါမင်းကိုအရင်ကရောခုရောချစ်နေဆဲလို့ အရှက်မရှိစွာမပြောချင်တော့ဘူး....
ကိုယ့်အခြေနေက လက်လှမ်းမမှီတဲ့ပန်းတပွင့်ကို မခူးစွတ်ရက်တော့ဘူး....
သူ့လဲကိုယ့်ကိုယ် မေ့နေပြီး မုန်းနေပြီဘဲလေ အရာအာလုံးတည်ငြိမ်နေတာကို ဒီတိုင်းလေးဘဲ တကြိမ်တခါကရင်းနှီကျွမ်းဝင်တဲ့တစိမ်းတယောက် .....
.
.
'ဘာဖြစ်တာလဲ....'ကြောင်အစွာငေးနေတဲ့ကိုယ့်ရှေ့ကလူသားကို ကိုင်ပေါက်ချင်စိတ်ဖြစ်နေပြီ....
လက်ကောက်ဝတ်ကိုကြည့်တော့လဲ ညိုမည်းနေတာ ကိုယ့်ကျန်းမားရေးကိုယ်တောင်ဂရုမစိုက်နိုင်ဘူးလား...
နာခေါင်းထိပ်လေးတွေရဲနေတဲ့ပတ်ချန်းယောလ်က မကြာခင်ဖျားတော့မည့်လက္ခနာဆိုတာ မသိတာလား မသိချင်ယောင်ဆောင်တာလား...