Ex

2K 434 12
                                    

ဆယ်ဟွန်း ထိုင်တဲ့နေရာတွေ ဝေ့ကြည့်ခဲ့ပေမယ့် ထိုလူအရိပ်ယောင်တောင်မမြင်....
ဂျယ်ဝန်းကတော့စပ်ဖြီးဖြီးလုပ်နေပေမယ့် ချောင်းဟန့်ကာ ခပ်တည်တည်ထိုင်နေတော့သည်....

'ဟာ ဆယ်ဟွန်း မလာဘူးထင်တာ မင်းကွာနေနိုင်လိုက် ကျောင်းသားဟောင်းတွေ့ဆုံပွဲတောင်မလာဘူး ဘလောက်တောင်ကြာပြီလဲ.....'

အတန်းခေါင်းဆောင် အီဆူယောင်း.....
ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်သည်....

'အရင်ကအချိန်တွေသတိရလိုက်တာကွာ ဟိုစာတော်တဲ့တယောက် ဘသူ......'

အတန်းခေါင်းဆောင်ပြောတဲ့တယောက်က ဘသူလဲဆိုတာသိပေမယ့် ဝင်မဖြေဖြစ် မျက်စောင်းထိုးကလူက....

'ပတ်ချန်းယောလ် ဟုတ်တယ် ချန်းယောလ်....'

အတန်းခေါင်းဆောင်ကမှတ်မိပြီဆိုသည့်ပုံစံနဲ့....

'သူလဲပျောက်ချက်ကောင်းတာကွာ နစ်ဝက်နေတော့ကျောင်းပြောင်းသွားတာ နိုင်ငံခြားဆိုလား....
အေးပေါ့ သူငှေးတွေဆိုတော့.....'

ဆယ်ဟွန်းမဲ့ပြုံးနဲ့သာ.....
စားပွဲကိုလက်နဲ့ရိုက်ပြီး တခုခုကိုသတိရလာတဲ့အတန်းခေါင်းဆောင်က.....

'မင်းတို့သိကြလား ချန်းယောလ်အကြောင်း.....'

စားပွဲတခုလုံးကကြည့်တိကြောင်တတ်နဲ့ ခေါင်းရမ်းပြီး ဆက်သောက်နေကြတယ်.....

'ချန်းယောလ်က ဂေးတယောက်လေ......'

စားပွဲကခဏတာငြိမ်သက်သွားပေမယ့် ဆယ်ဟွန်းရင်ထဲတော့မငြိမ်သက်နိုင် အတန်းခေါင်းဆောင်ကသူတို့နစ်ယောက်ကြောင်းသိထားတာလား.....
တခြားတယောက်ကဝင်ပြောတယ်.....

'ဘာလုပ်ရမှာလဲ ဂေးဆိုတော့ သူကတခြားသူအပေါ်ယုတ်မာနေတာလဲမဟုတ်ဘူး ပြီးတော့လူကြည့်တော့တာအေးတိအေးစက်ဆိုပေမယ့် တောင်းသမျှအကူညီအကုန်လုပ်ပေးတယ် ငါ့ညီကျောင်းမှာအနိုင်ကျင့်ခံရတော့လဲ သူကူညီပေးတာဘဲ....
ဂေးတယောက်ဖြစ်တာနဲ့ဘာမှမပြောင်းလဲဘူး....
သူသာအစကညေးသာဆို ငါတောင်လိုက်ခဲ့မှာ ....'

ဆယ်ဟွန်းပြုံးမိပြန်ပြီ ပတ်ချန်းယောလ်ဆိုတာ အပြင်ကကြည့်ရင်မာနကြီးသလို ဘသူ့ကိုမှအဖက်မလုပ်ပေမယ့် တကယ့်စိတ်ရင်းကောင်းရှာတယ် ဂေးဆိုတာကိုရွံမုန်းမယ်ထင်ခဲ့ပေမယ့် အားလုံးကလက်ခံနိုင်ကြတယ်လေ ချန်းယောလ်ကြောင့်လား ကျနော်ဂေးဆိုရင်ရော သူတို့အလိုဘဲထောက်ခံနိုင်ကြမှာလား....
ကျနော်သာဆိုရင်ရော သူတို့ဒီစကားပြောကြမှာလား....
ဒါမယ့် ကျနော်တို့အထက်တန်းတုန်းကဒါတွေကလက်သင့်မခံကြဘူးလေ....
ဟုတ်တယ်မလား သူတို့မထောက်ခံနိုင်လောက်ဘူးမလား......
ဘီယာခွက်ကို မော့သောက်ရင်း ရင်ထဲကအပူကိုငြိမ်းသက်လိုက်သည်.....
မဖြစ်နိုင်ပေမယ့် တချိန်ကကျနော်ဂေးဆိုတာသိရင်လူတွေဖယ်ကျဉ်ကျမှာအရမ်းကြောက်မိတယ်....
ကြောက်ခဲ့တယ် ဒါကြောင့်လဲကျနော်နဲ့သူ တိတ်တိတ်လေးတွဲခဲ့တာမလား သူကအကုန်လုံးသိအောင်ဖွင့်ပြောချင်ပေမယ့် ကျနော်ကကြောက်တယ် ဖြစ်လာမယ့်အရာရင်မဆိုင်ရဲသေးတဲ့အရွယ် လူတွေရွံရှာတဲ့ပုံစံမျိုးနဲ့ကြည့်မှာကိုလက်သင့်မခံနိုင်ဘူး.....
'ဆယ်ဟွန်း ငါ့ကိုမယုံဘူးလား ငါမင်းကိုကာကွယ်ပေးနိုင်တယ်ဆိုတာကိုလေ' ဟုတ်တယ် ချန်းယောလ်ကပြောခဲ့ပေမယ့် ကျနော်ကထိုသို့ပြောတိုင်း စကားလမ်းကြောင်းလွှဲခဲ့သည်.....
ကျနော်သတ္တိမရှိခဲ့တာ သူ့လက်ကိုဆွဲထားဖို့ကိုသတ္တိမရှိခဲ့တာ.....

Ex(Completed)Donde viven las historias. Descúbrelo ahora