'ဆယ်ဟွန်း အဆင်ပြေလား.....'
နေရောင်တောင်မမြင်ရတဲ့အခန်းထဲ ဆယ်ဟွန်းတယောက်နေနေခဲ့သည်မှာ နစ်လကျော်ရှိလေပြီ....
အသက်ရှင်ချင်စိတ်ပျောက်ဆုံးနေတဲ့ဆယ်ဟွန်းကိုကြည့်ပြီး ဂျယ်ဝန်းသက်ပြင်းချရုံမှလွဲဘာမှမတတ်နိုင်....'ငါတို့အပြင်လေကောင်းလေသန့် သွားရူကြမလား.....'
ပြန်မပြောဘဲငြိမ်သက်စွာနေနေတဲ့ ဆယ်ဟွန်းရဲ့ပုခုံးပေါ်လက်တင်ကာ....
'ဒီလိုကြီးဘဲမင်းဘဝကိုမင်းအဆုံးသတ်ဖို့စိတ်ကူးထားတာလား အနည်းဆုံးမင်းတယောက်ကိုဘဲမျော်ကြည့်နေတဲ့ မင်းအမေကိုတချက်ပြန်ကြည့်ပါအုန်းကွာ သူဘလောက်ရင်နာလိုက်မလဲ....'
အသက်မပါတဲ့အပြုံးတခုနဲ့....
'မာမီကလေ ငါ့ရှင်သန်မူကဘာလဲဆိုတာသိရက်နဲ့လုပ်ရက်လိုက်တာ ငါ ငါအရာအားလုံးအဆင်ပြေပြီမှတ်နေတာ နောက်ဆုံးငါတို့ပျော်ရွှင်ရပြီမှန်နေတာ....'
မျက်ရည်တွေကျကာ ရိူက်ကြီးတငင်ငိုချလာတဲ့ဆယ်ဟွန်းကို ပွေ့ဖက်ပေးရုံကလွဲ တကယ်ဘာမှမတတ်နိုင်တော့......
_______________________________
'အန်တီ ဆယ်ဟွန်းဒီနေ့ရော အဆင်ပြေလား.....'ခေါင်းရမ်းကာ မျက်ရည်တွေဝဲလာတဲ့အန်တီကို နစ်သိမ့်ပေးလိုက်ပြီးဆယ်ဟွန်းအခန်းရှိရာကိုဝင်လိုက်တယ်....
အိပ်ယာပေါ်မှာခွေခွေလေးငြိမ်သက်နေတဲ့ ဆယ်ဟွန်းကမအိပ်သေးမှန်းသိတာသည်....
ကျောခိုင်းထားတဲ့ကျောပြင်ဘေး ဂျယ်ဝန်းထိုင်ချလိုက်သည်....'ဘဝသစ်တခုပြန်စကြမလား ဘသူနဲ့ဘသူကိုမှမသိခဲ့တဲ့အချိန်ပြန်သွားရအောင်လားဆယ်ဟွန်း....
ဒါမှမဟုတ် ဒီလိုကြီးမနေဘဲ ကမ္ဘာအနှံ့ချန်းယောလ်ကိုရှာကြမလား သူကဘဲအပုန်းကောင်းမလား မင်းကဘဲ ရှာတာတော်မလား မစ်ရှင်လုပ်ကြည့်မလား....
မတွေ့မချင်းရှာကြမယ် သေတဲ့အထိ......'နောက်ဆုံးနည်းလမ်းဘဲရှိတော့တယ် ဒီနောက်ဆုံးနည်းလမ်းဘဲ.....
ကျောပေးထားတဲ့ဆယ်ဟွန်းကလူပ်လူပ်ရွရွဖြစ်လာသည်...
ဂျယ်ဝန်းပြုံးမိလိုက်သည်....
![](https://img.wattpad.com/cover/200980037-288-k960004.jpg)