မိုတယ်ကတကယ်အဆင်ပြေဘူး ညညဆိုနားငြီးလို့အိပ်လို့တောင်မရဘူး....
ကြာရင် အိပ်ရေးပျက်ပြီးသေမှာဘဲ ဟူး.....
လေပူတချက်ထုတ်ကာ ခရီးဆောင်အိတ်ကြီး ဆွဲပြီးလျောက်နေလိုက်တော့တယ်....
အဆောင်မေးတော့လဲ လူတွေပြည့်နေပြီဖြစ်ကြောင်းနဲ့ပြန်လှည့်ရခဲ့သည်မှာမနည်း....
ဒီနေ့တနေကုန်လုံး အချိန်ပိုင်းလုပ်ငန်းတောင်မလုပ်ဘူး အဆောင်တွေရှာနေမိသည်....
တနေကုန်တော့မယ် ခုထိမတွေ့....
ဘတ်စ်ကားမှတ်တိုင်ရောက်တော့ ချန်းယောလ်တယောက်မှတ်တိုင်မှာထိုင်လိုက်သည်....
တနေကုန်လျောက်တော့ ခြေထောက်နစ်ချောင်းရှေံထုတ်ပြီး ထုနိပ်လိုက်တယ်.....
ကောင်းကင်ကြည့်တော့လဲ မိုးတိမ်မဲတွေ နေပါအုန်းဆောင်းတွင်းတောင် မိုးရွာအုန်းမှာလား......
ချန်းယောလ် ကိုယ့်ဘာသာကိုယ်တွေးပြီးရယ်လိုက်တော့သည်....
ဆိုးလိုက်တဲ့ကံ.......
_____________________________
ဒီနေ့ဆေးရုံလဲမသွားဖြစ် ခွက်ရက်ယူပြီးအိမ်ထဲမှာဘဲအချိန်ကုန်ခဲ့တော့တယ် လွန်ခဲ့တဲ့တပတ်ကတွေ့ဆုံပွဲပြီးတဲ့နောက် ချန်းယောလ်နဲ့မတွေ့ခဲ့....
တွေ့ခဲ့ရင် ဘာလိုလုပ်ရမလဲ ဆိုတဲ့အတွေးနဲ့ မသေချာမရေရာတဲ့လူကို ကျနော်ရှောင်ဖို့ကြိုးစားနေခဲ့တာတဲ့....
တကယ်ဆို ကျနော်တို့ကဘာမှမဆိုင်တော့တဲ့ တစိမ်းတွေမလား......
အရမ်းရင်းနှီးဖူးတဲ့တစိမ်းတွေ.....
ဟက်......
မီးနီမိလို့ မျက်လုံးကစားကြည့်ရင် တဖက်လမ်းကမှတ်တိုင်မှာထိုင်နေတဲ့ ပတ်ချန်းယောလ် ကျွစ်.....
ဘေးမှာခရီးဆောင်အိတ် ဘယ်သွားမလို့လဲ....
ဆယ်ဟွန်းစိတ်ထဲတမျိုးတွေးမိလိုက်တာက ထပ်ပြီးထွက်သွားမှာလား....
သူနောက်ထပ်တခါထွက်သွားမှာတော့မဟုတ်ဘူးမလား ကျစ်.....
ဆယ်ဟွန်းလမ်းဘေးကားထိုးရပ်ပြီး ကားပေါ်ကနေချန်းယောလ်ရဲ့ပုံစံကိုထိုင်ကြည့်နေမိသည်...
ပိန်သွားတယ် အရင်ကဆံပင်ကောက်လေးတွေမရှိတော့ဘူး...
ပိုပိုရှည်လာတဲ့အရပ်ရယ် ရယ်လိုက်ရင်ပေါ်လာတဲ့ပါးချိုင့်ရယ် တချို့အရာတွေပြောင်းလဲသွားပေမယ့် ခဗျားဆီမှာလဲမပြောင်းလဲတဲ့အရာတွေရှိတာဘဲ.....
တချက်တချက် ထထရယ်တဲ့ချန်းယောလ်ကိုကြည့်ပြီး သူပါပြုံးမိသည်...
ဒီလူသားကတချိန်ကကျနော်ပိုင်ခဲ့ဘူးတဲ့လူမလား...
ဘာလို့လဲဆိုတဲ့ မေးခွန်းတွေတသီတတန်းကြီးကို အချိန်ရရင် ခဗျားမျက်နာထိုင်ကြည့်ပြီးမေးချင်ခဲ့တာ...
ဟန်ဆောင်ကောင်းလွန်းတဲ့ခဗျားရဲ့ပုံစံကို ချီးကျူးပေးချင်မိတယ်...
ပြန်မလာတော့ဘူး ကျနော်ဆီဘယ်တော့မှပြန်မလာခဲ့တော့ဘူးဆိုရင် ရပ်နေတဲ့နေရာမှာတောင်ခွေကျချင်သွားတာ.....
သံသရာတထောင့်မှာတော့ ခဗျားကိုကျိန်းသေပေါက်ပြန်ဆုံချင်ခဲ့တာ....
ခဗျားကကျနော်ကြောင့် ဆုံးရူံးနစ်နာခဲ့တာတွေ ပြန်ပေးဆပ်ချင်ပေမယ့် ခဗျားရော ကျနော်အပေါ်အရင်လိုဘဲလားဆိုတဲ့ မေးခွန်းက....
အချိန်တွေကြာခဲ့ပြီဖြစ်ပေမယ့် ကျနော်ခဗျားကိုချစ်ခဲ့တာကတော့ တခါတလေးတောင်မပြောင်းလဲခဲ့ဘူး....
ကျနော်ခဗျားကိုမုန်းမှ ကျနော်နေနိုင်မှာဒါမှကျနော် စိတ်ထဲတခါတလေလေးတောင်ပျောက်ပျက်မသွားမှာ....
မုန်းရတာပင်ပန်းလွန်းလို့ တခါတလေခဗျားမရှိတဲ့နေရာက ကျနော်အတွက်ငရဲကျနေသလိုဘဲဆိုတာကိုပြောပြချင်မိတယ်....