ဒီလကကုန်တော့မယ် သဘက်ခါဆို ခုထိနေစရာအိမ်ကမရှိ မိုတယ်တွေကြအဆင်မပြေဘူး......
လက်ထဲမာရှိတဲ့ငွေကလဲ ဒီလစားဖို့သောက်ဖို့ဘဲရှိတယ်...
ဟူး......'ချန်းယောလ်ရေ ပန်းကန်တွေခဏချခဲ့အုန်း ရှေ့က ဝိုင်းလေးတွေသန့်ရှင်းပြီး ပြန်တော့လေ.....'
ဆေးလက်စပန်းကန်တွေမြန်မြန်လက်စသတ်ပြီး
အရှေ့ထဲ စားပွဲတွေရှင်းလိုက်ပြီး.....'ပေးပေး အန်တီ ကျနော်ရှင်းလိုက်မယ် အန်တီဆိုင်ပိတ်ဖို့သာပြင်တော့....'
'ကျေးဇူးဘဲချန်းယောလ်ရေ .....'
အန်တီကိုပြုံးပြပြီး အလုပ်တွေကိုလက်စသတ်လိုက်တော့တယ်.....
'ပြီးပြီ အန်တီ....'
အန်တီရဲ့မျက်လုံးကဆိုင်ထဲ ဝှေ့ကနဲ့....
'ကျေးဇူးဘဲ ချန်းယောလ်ရေ မုန့်ဖိုးပိုထည့်ပေးထားတယ်နော် အန်တီကဒီရက်ပိုင်းခါးမကောင်းတော့ ပင်ပန်းတာတွေမလုပ်သေးနဲ့အုန်းဆိုလို့.....'
ရယ်ရင်းပြောနေတဲ့ အန်တီက လက်တခါခါနဲ့
'မဟုတ်တာ ရပါတယ် ခိုင်းစရာရှိရင် ခေါ်သာခိုင်းအန်တီ ရတယ်....'
'ဪ အေးအေး ဒါနဲ့အိမ်ရှာတာတွေ့ပြီလား....'
ခေါင်းတာရမ်းပြရင်း....
'ပြန်တော့မယ် အန်တီ အေးအေးချမ်းချမ်းနေရစ်ခဲ့ပါ.....'
နူတ်ဆက်ပြီး ထွက်လာ သက်ပြင်းချရင်း အိမ်ရှာရမယ်...
စျေးနူန်းသက်သက်သာသာနဲ့ အဆင်ပြေတဲ့အိမ်လေး ခြေဆန့်နိုင်ရင်တော်ပါပြီ....
ဘာလို့အိမ်လခတွေကစျေးကြီးနေတာလဲ ရှာသမျှ
ပိုက်ဆံတွေရဲ့သုံးပုံပုံနစ်ပုံက အိမ်လခဖြစ်နေတာဘဲ ကျန်တာနဲ့ကအဆင်မပြေ....
အိတ်ထောင်နိူက်ရင်း အထဲထဲက ကျွတ်ကျွတ်အသံ....
အာ ဆေးသောက်ရမှာမေ့နေတာ နှာကိုတချက်ရူတ်ရင်း......
နီးစပ်ရာ စူပါမားကတ်ထဲအဝင်.....'အ......'
သေပါပြီ ကံဆိုးမူဆိုတာ ချက်ချင်းဘဲ...
'တောင်းပန်ပါတယ်.....'
ခေါင်းငုံပြီးတောင်းပန်နေတာက ပတ်ချန်းယောလ် တကယ်အံဩမူတွေကမကုန်မခမ်း .....