ထို့နေကအဖြစ်ပျက်တွေကို သူနဲ့ကျနော်ပြန်မပြောဖြစ် ကိုယ့်တိုက်ခန်းဆီဘဲခေါ်လာတာခုဆို နစ်လတောင်ရှိပြီ....
သူလဲအချိန်ပိုင်းအလုပ်ဘဲဆက်လုပ် ပညာဆက်မသင်ထားတော့ ကုမ္ပဏီကြီးတွေကမခေါ်ချင်ကြ....
ကျနော်ရှာပေးမယ်ပြောတော့ နေပါစေတဲ့...
ပတ်ချန်းယောလ်က မာနခဲလေး....
ကြည့်ရင်းနဲ့ထပ်ပြီးပျောက်ကွယ်သွားအုန်းမလားဆိုတဲ့အတွေးတွေးလိုက်ရင် ဆယ်ဟွန်းတယောက်တကယ်နေစရာပင်မရှိတော့ချေ......
မီးဖိုချောင်ထဲမှာ အလုပ်ရူပ်နေတဲ့ ချန်းယောလ်ကိုလှမ်းကြည့်ရင်း ပြုံးမိသည် ထိလိုက်ရင်ပျောက်ကွယ်သွားမှာစိုးလို့ ငေးကြည့်ရုံတင်ပြည့်စုံပါတယ်လေ....
ခဗျားသာဘေးမှာရှိရင် ကျနော်အတွက်နိဗ္ဗာန်တောင်မလိုပါဘူး.....'ဆယ်ဟွန်း လာ ထမင်းစားရအောင်.....'
မီးဖိုခန်းဘက်ခြေလှမ်းများလှမ်းရင်း.....
'ရော့ ဒီအရွက်လေးစား.....'
ထည့်ပေးလာတဲ့အရွက်ပြည့်တော့ ကျနော်အကြိုက်ဆုံး မုန့်ညှင်းရွက်ပင်....
မျက်စိများမှိတ်တဲ့ထိရယ်ပြလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်......
မျက်လုံးများမှိတ်ကာ အရသာခံနေရင်း.....'ကောင်းလား ကိုယ်ခရုဆီလေးနဲ့စမ်းသုံးကြည့်တာ အရသာဘလိုလဲ.....'
တမေ့တမော အဖြေကိုစောင့်နေတဲ့ချန်းယောလ်ကိုကြည့်ပြီး.....
'ကို ချက်တာမကောင်းတာဘာရှိလဲ အကုန်ကောင်းတယ် ဒါလေးကချိုချိုစိမ့်စိမ့်လေး ကြိုက်တယ်....'
အဖြေကိုကြားတော့ သူပါချက်ချင်းယူစားပြီး ကောင်းတယ်ဆိုတဲ့ပုံစံမျိုး.....
စားပြီးတဲ့ပန်းကန်တွေကုနစ်ယောက်အတူသိမ်းဆည်းပြီး....
ဧည့်ခန်းရှေ့သွားထိုင်လိုက်ကြသည်....
တနေ့တာလုံး ကျနော်ဖြစ်ပျက်ခဲ့သမျှအကြောင်းတွေကို သူ့ပုခုံးပေါ်မှီပြီးပြောခဲ့ကြသည်.....
တခါတလေ ဟာသတွေပြောတတ်လွန်းတဲ့ ချန်းယောလ်ကြောင့် မျက်လုံးများမှိတ်တဲ့အထိရယ်မိရင်....
ဆယ်ဟွန်းကရယ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းတာဘဲဆိုပြီး ပါးလေးနစ်ဖက်ကိုဆွဲကိုင်ကာလာပြောသည်....
တယောက်နဲ့တယောက်ကအလျော့ပေးကြသည် သူ့ရဲ့အတိတ်ကိုကျနော်အစမဖော်မိသလို ကျနော်ဖြတ်သန်းလာခဲ့တဲ့ခုနစ်ဆိုတဲ့အချိန်ကာလကိုလဲမေ့ပျောက်လိုက်သည်....
တယောက်နဲ့တယောက်အတူရှိနေရင် ပြည့်စုံနေပြီးကိုအတိတ်ကအကြောင်းတွေဘာလို့ပြောနေအုန်းမှာလဲ....
________________________________
မနက်ခင်းအိပ်ယာ ထတော့နိုးလာတဲ့အချိန်က ကျက်သရေရှိလိုက်တာ မျက်လုံးစဖွင့်ပြီး မျက်လုံးမှတ်တဲ့အထိ ချစ်ရသူနဲ့အတူရှိနေခြင်းကမင်္ဂလာတပါးမလား....
အိပ်စက်နေဆဲဖြစ်တဲ့ ဆယ်ဟွန်းရဲ့မျက်ခွံပေါ်လေးကို နမ်းလိုက်သည်...
ပြီးနောက် နောက်တဖက် နဖူး နှာခေါင်း ပါး နောက်ဆုံးအဆုံးသတ် နူတ်ခမ်းလေးကိုခပ်ဖွဖွထိကာ....
လည်ပင်ကိုသိုင်းဖက်လာတဲ့လက်တစုံ မျက်လုံးဖွင့်လာတဲ့ထိုလူသား နှာခေါင်းချင်းထိစပ်ကာ ဝင်လေထွက်လေကာအစနီးကပ်နေသည်.....
![](https://img.wattpad.com/cover/200980037-288-k960004.jpg)