Unicode
"ဆရာ Bin ရဲ့သဘောကကျောင်းသားတွေကိုပါပြိုင်ပွဲဝင်စေချင်တာလား"
"ဟုတ်တယ် ကျောင်းမှာလည်းထူးချွန်တဲ့သူတွေရှိတယ် သူတို့ကိုလည်းအခွင့်အရေးပေးစေချင်တယ် အပေးအယူသဘောပေါ့"
"ကောင်းပြီလေ ဒါဆိုကျွန်တော့မှာအကြံရှိတယ် "
"ပြောပါ ဒါရိုက်တာ Wu"
----------
"မင်းတို့တက်ရမယ့်ကျောင်းကိုလိုက်ပြရင်း ပြောစရာနည်းနည်းရှိလို့ခေါ်လာတာ ခုပွဲက ထိပ်ဆုံးတစ်ယောက်တည်းကိုဘဲရွေးချယ်မှာ အားလုံးထဲမှာအကောင်းဆုံးလုပ်နိုင်မှဖြစ်မှာ သာမန်လူတွေနဲ့ပါယှဥ်ပြိုင်ရမှာ အထူးဂရုစိုက်ဖို့လိုတယ်"
"ကျွန်တော်သိပါတယ်"
"ကျောင်းမှာနေလို့အခက်အခဲရှိလည်း ငါးလပါဘဲ သီးခံလိုက် အဆောင်လည်းနေရမှာ ဘယ်သူနဲ့နေနေ အဆင်ပြေအောင်သာနေ"
"ဟုတ်ကဲ့ ဒါရိုက်တာ Wu"
"အကဆရာ Mr. Shin လဲကျောင်းဆရာအဖြစ် တာဝန်ပေးထားတယ်ဒီအတောအတွင်း ကျောင်းအုပ် Bin နဲ့တွဲပြီးအုပ်ချုပ်မှာ အဆင်မပြေတာရှိရင်လာပြောလို့ရတယ်"
---------------------------
"ဘာ....... တကယ်ကြီး ..... Star Entertainment ကအနုပညာရှင်တွေလာမှာဟုတ်လား Zhuo Cheng "
"ဟုတ်ပါတယ်ဆိုကွာ"
"နောက်နေတာမဟုတ်ပါဘူးနော်"
"မယုံရင် Se Hun မေးကြည့် မနေ့ကဆရာမတွေပြောတာ သူရောကြားတာ"
"ဟုတ်လား ဟင် သူပြောတာ"
"ငါတို့လည််းအဲ့လိုကြားတာဘဲ"
"ဟီး....... ဟီး....... 😇"
"ရေခဲမင်းသားကိုတွေ့ရတော့မှာမို့လို့ပျော်နေတာလား😕"
"ဒီအတိုင်းဆိုနေ့တိုင်းတွေ့ရတော့မှာ😍
Zhuo Chengရ ""စိတ်ကူးနဲ့ရူး"
"ဟိုသုံးယောက်စကားချည်းများမနေနဲ့
အပြစ်ပေးခံချင်နေလား"သူတို့သုံးယောက်မှာ Se Hun ဟာစကားသိပ်မများသော်လည်း အမြဲအပြောခံထိတာ ဘေးကနှစ်ယောက်ကြောင့်လေ ကျောင်းစတက်တဲ့နေ့ကတည်းကသူငယ်ချင်းဖြစ်သွားကြတာ
Se Hun ကခင်ဖို့ကောင်းတယ် စခင်တဲ့နေ့ကတည်းက Xiao Zhan ကို Zhuo Cheng နဲ့ပေါင်းပြီးအမြဲစနေတာ
စိတ်ထားလည်းမဆိုးဘူး တခြားသူတွေနဲ့ဆို စကားတောင်မပြောပေမယ့် ကျွန်တော်တို့နှစ်ယောက်ကိုတော့အရမ်းခင်တယ် အဆိုတော်နဲ့ အက ကိုဝါသနာပါတယ်တဲ့ ရုပ်ရည်က ချစ်ဆုံးကြီးလောက်ချောတော့အတန်းထဲကမိန်းကလေးတွေ ကြွေကြတာ
ညီဖြစ်သူက Se Hun ကို Wang Yibo နဲ့ယှဥ်ပြီးပြောတိုင်းရန်သတ်ရတာအမော
ဟုတ်လည်းဟုတ်မှာပေါ့ သို့သော် မိမိစိတ်ထဲမှာတော့အချစ်ဆုံးကြီးက ဒုတိယအချောဆုံး
ဟီး.... ပထမက ပါးလေ😁
Zhuo Cheng ဆိုတဲ့ညီဖြစ်သူကရည်းစားသာမရှိတာ အချောထဲမှာပါတယ် အသံလေးကလည်းကောင်း စင်ပေါ်မှာသီချင်းဆိုလို့ကတော့ဘယ်လောက် Popular ဖြစ်သွားမလဲ
ကိုယ့်ညီမို့မြှောက်တာမဟုတ် ညီသီချင်းဆိုတာ ကို အစ်ကိုဖြစ်သူကမကြားဖူးဘူးလို့ရှိပါ့မလား
Zhuo Chengအထက်တန်းမပြီးခင်တုန်းက Xiao Zhan မှာ ပါးရဲ့ ကုမ္ပဏီ မှာနှစ်နှစ်အလုပ်သင်အဖြစ်လုပ်ခဲ့တာ
ညီလေးကျောင်းပြီးတော့ Dream အနုပညာကျောင်းကိုတက်ခဲ့ကြတာ
ပါးတို့ မားတို့ကလည်းနှစ်ယောက်ဆိုတော့စိတ်ချတယ်လေ