Episode 6

2K 148 0
                                    

Unicode

ဆရာမ May အတန်းထဲတွင်

"Yubin, ဒီနေ့ငါထီထိုးရင်ပေါက်နိုင်ချေရှိတယ်ကွ"

"ဘယ်လို Zhuo Cheng ....... ဘာလို့"

"မင်းကြည့်လေ...... အတန်းထဲရောက်တိုင်းအမြဲခုံနဲ့ နှစ်ယောက် ကမ္ဘာ ဖြစ်နေတဲ့ Xiao Zhan တစ်ယောက်လေ ..... ခုတော့ မျက်လုံးကြီးပြူးနေတာ "

"ဟီး....... ဒီကောင့်ကိုမငိုက်စေချင်ရင်နောက်ဆို Wang Yibo ကိုသူ့ရှေ့မှာနေခိုင်းရမှာကွ"

ပြိုင်ပွဲဝင်တဲ့သူတွေက ဆရာမMay,ရဲ့အတန်းကိုတက်ရခြင်းဖြစ်တယ်
Xiao Zhan တစ်ယောက်တက်ကြွနေသည် တစ်ချိန်လုံး သူရှေ့မှာထိုင်နေတဲ့ Wang Yibo ကိုထိုင်ကြည့်နေလေရဲ့
ဆရာမကတော့စာလိုက်ကြည့်နေတဲ့အထင်နဲ့ အံ့သြနေရော

----------------

ပြိုင်ပွဲနေ့ မရောက်ခင်ညမှာ လေးယောက်သားခေါင်မိုးပေါ်မှာ

"Zhuo Cheng ငါမနက်ဖြန်အတွက်ရင်ခုန်နေပြီ..... ငါအဆင်ပြေပါ့မလား"

"Xiao Zhan ရာ စိတ်အေးအေးထားပါကွ အဆင်ပြေမှာပါ ပြီးတော့ မင်းက piano တီးတာတော်ပြီးသားပါကွ...... relax bro"

Xiao Zhan က ပွဲမှာ piano နဲ့ သီချင်းဆိုမည်
Zhuo Cheng က guitar နဲ့
Yubin နဲ့ Se Hun ကတော့ solo dance

"စင်ပေါ်ရောက်ရင် မင်းလေ့ကျင့်နေတဲ့အချိန်ကိုတွေးလိုက် လေ့ကျင့်နေတယ်လို့သာမှတ်ထားလိုက်"

Se Hun ကအားပေးလိုက်တယ်

"Fighting bro "

Yubin ကပါအားပေးရှာတယ်

"ကဲ....... စိတ်ပူတာတွေလျှော့ပြီး .. .... မနက်ဖြန်ငါတို့အကောင်းဆုံးလုပ်ကြမယ်"

Zhuo Cheng ကဦးဆောင်ပြီး ဟစ်ကြွေးလိုက်လေရဲ့

------------------

ပြိုင်ပွဲ ဝင်တွေအားလုံးယှဥ်ပြိုင်ပြီးသောအခါ ကျောင်းအုပ် Bin က ရလဒ်ကြေညာလေသည်။

"ဒီနေ့ယှဥ်ပြိုင်တဲ့ပွဲမှာ အားလုံးကအရည်အချင်းပြည့်မှီကြပါတယ် အားလုံးကောင်းကြပါတယ် အခု ပြိုင်ပွဲဆက်ပြိုင်ရမယ့် ကျောင်းသားစာရင်းကိုကြေညာပေးပါ့မယ်
သူတို့ကတော့............. "

Story Of StarWhere stories live. Discover now