Unicode
"လူတစ်ယောက်လုံးတောင်မမြင်ဘူး........ "
ရန်တွေ့ရမယ့်စကားတွေပျောက်ရှ
ဝင်တိုက်မိတဲ့လူက Liu Hai Kuan တဲ့လေသူကတော့ပြုံးပြီးကြည့်နေမြဲ
"အယ်....... Liu Hai Kuan"
"ကိုယ်တောင်းပန်ပါတယ် Zhuo Cheng,
ရှေ့မမြင်မိလို့ပါ နာသွားလား""ရပါတယ် ဒီလောက်ကတော့"
"ရုပ်ရှင်လာကြည့်တာလား"
"အင်း "
^တီ တောင်^
Se Hun ဆီမှ မက်ဆေ့စ်
"ငါသွားစရာပေါ်လာလို့သွားနှင့်တော့မယ် တောင်းပန်ပါတယ် သူငယ်ချင်းလေး နောက်တစ်ခေါက်ကျ မင်းကြိုက်တဲ့နေရာအကုန်လိုက်ပို့မယ် မုန့်တွေအကုန်ဝယ်ကျွေးပါ့မယ်နော် စိတ်မဆိုးနဲ့နော် အရေးကြီးလို့ပါ"
"တောက် သိပ်ကောင်းတဲ့သူငယ်ချင်းတွေ ငါ့ကို တစ်ယောက်တည်းပလစ်ထားကြတယ် ကောင်းရော သရဲကားကြီးကိုတစ်ယောက်တည်း. ..... မဖြစ်ဘူး....... ပြန်မယ်......... အမ် ဟုတ်သေးဘူးလေ လက်မှတ်ကငါဝယ်ထားတာ ငါ့ပိုက်ဆံကုန်တာကို မကြည့်ရင် ငါအရှုံးဖြစ်မှာ ဟာ....... ဘယ်လိုလုပ်ရ.......... ဟင်....... အဟွတ် အဟွတ်"
Zhuo Cheng တစ်ယောက် တစ်ကိုတည်း ရေရွတ်ရင်း မိမိကိုပြုံးပြီးကြည့်နေတဲ့ Liu Hai Kuan ကိုတွေ့တော့ သီးသွားလေရဲ့
"Zhuo Cheng ရရဲ့လား"
"ရပါတယ်"
^Garr ဒီအချိန်ကျမှသီးရလား သူ့ရှေ့မှာမှ^
"ကိုယ်နဲ့ရုပ်ရှင်ကြည့်မလား"
"အမ်"
"တစ်ယောက်တည်းကြည့်ရမှာမို့လေ"
^🤔....... အိမ်း ငါတစ်ယောက်တည်းဆိုလည်းသေချာပေါက်ကြောက်နေမှာ အဖော်မရှိတော့ပိုဆိုးမှာ .......... ငါ့ပိုက်ဆံလည်းကုန်တာလဲအလကားမဖြစ်တော့ဘူး^
"အင်းကောင်းသား ဒါနဲ့အားရဲ့လား အလုပ်တွေရှိရင်တော့...... "
"ကိုယ်အားပါတယ်"
ဒီလိုနဲ့နှစ်ယောက်လုံးရုပ်ရှင်ကြည့်ခဲ့ကြသည်။ Zhuo Cheng မှာတော့ သရဲလာတဲ့အချိန်ဆိုရင် ကြောက်လွန်းလို့ မျက်လုံးမှိတ်ထားရတယ် ။ မအော်ခဲ့ပေ သူ့ရှေ့မှာအရှက်ကွဲမှာပေါ့ ။ တည်ငြိမ်တဲ့ image ကိုမနည်းထိန်းနေရတာ။
သူနဲ့တွေ့ရင် စိတ်ထဲအလိုလိုရှုတ်လာတာ
အဆိုးဆုံးက သူ့ကိုယ်သူ ကိုယ် လို့သုံးတာက ရင်ထဲမှာရှိန်းတိန်းတိန်း ဖြစ်သွားစေတာဘဲ ။ စိတ်ရှိတဲ့အတိုင်းသာဆိုရင်...... အင်း..... မပြောတော့ပါဘူးလေ။
![](https://img.wattpad.com/cover/201606252-288-k992263.jpg)