Unicode
"သားလေးဆေးသောက်လိုက်နော် ...... နေကောင်းမှအိမ်ပြန်ရမှာ...... နေမကောင်းရင် ဆေးရုံမှာအကြာကြီးနေရလိမ့်မယ်
Hun လေး"မိမိအချစ်ဆုံးအိုမားရဲ့အသံလေး
"ဆေးသောက်ပြီးရင် အတူတူကစားပေးမယ်နော် hero လေး"
မိမိဘဝမှာ အိုမားပြီးရင် ဒုတိယအချစ်ရဆုံးလူသားလေးရဲ့အသံ
"အဟင့်...... မဖြစ်နိုင်ဘူး....... Apple လေးကဘယ်တော့မှခွဲမသွားဘူးလို့ ဂတိပေးဖူးတယ်........ ဟင့်အင်း....... အိုမား..... မဟုတ်ဘူးနော်"
Apple လေးကလူ့လောကမှာမရှိတော့ဘူးတဲ့ နှုတ်ဆက်သွားပြီတဲ့ ကောင်းကင်ပေါ်ကိုရောက်သွားပြီတဲ့
စတွေ့ခဲ့တဲ့အချိန်က သူငယ်ချင်းမရှိ ကစားဖော်မရှိတဲ့ Se Hun တစ်ယောက် ဗိုက်အောင့်တတ်တဲ့ရောဂါနဲ့ဆေးရုံတက်ရတဲ့အချိန် ....... အိုမားကဆေးအတင်းတိုက်နေတာ ...... ဆေးဆိုလုံးဝမကြိုက်....... ၈နှစ်သားဘဲရှိသေးတာ ခါးတာတွေဆို No ဘဲ
ဆေးမသောက်ချင်လို့ဆိုတဲ့ Se Hun ရဲ့ရှေ့မှာ အိုမားကတော့ စိတ်ညစ်နေပြီ
ထိုအချိန်မှာ ကောင်လေးငယ်ငယ်လေးတစ်ယောက် အနားရောက်လာသည်။
ဖြစ်ချင်တော့ VVIP ကလေးခန်းက နှစ်ယောက်နေရတာမို့ ...... အခန်းဖော်လို့ထင်ရတဲ့ကောင်လေးတစ်ယောက်"ရော့"
"ဟင်"
"ဆေးသောက်ပြီးရင် ပန်းသီး ကျွေးမယ်"
အဖော်မဲ့နေတဲ့ Se Hun အတွက် သူငယ်ချင်းတစ်ယောက်ရတော့မယ့်အခါ အလွန်ပျော်နေခဲ့တယ်
ထိုကောင်လေးရဲ့စကားကိုနားထောင်ချင်လာသည်။"ငါဆေးသောက်ရင် တူတူဆော့ပေးမှာလား"
"ဆော့ပေးမယ်"
အိုမားကတော့ ထိုကောင်လေးသေးသေးလေးကိုအလွန်ကျေးဇူးတင်နေသောအပြုံးလေးနဲ့
"သားလေးကတော်တော်ချစ်ဖို့ကောင်းတာဘဲ"
ပါးလေးကိုတောင်ကိုင်ပြီး ပြောနေသည်။
"သားလေးနာမည်လေးအန်တီ့ကိုပြောပါ့လားနော်"
"သားနာမည်က....... "
![](https://img.wattpad.com/cover/201606252-288-k992263.jpg)