Unicode
"Wang Yibo"
"အင်း"
"အိပ်လို့အဆင်ပြေပါ့မလား ငါကအိပ်ရေးကြမ်းတယ် "
"ကိစ္စ မရှိဘူး"
"အားနာလို့ပါ "
"သူငယ်ချင်းဖြစ်သွားပြီဆို...... အားနာစရာမလိုဘူးလို့ထင်တယ်"
"ဒါနဲ့လေ......... Yibo"
"အင်း"
"ရန်ဖြစ်ထားတာလား"
"အမ်....... "
နံရံကိုအားတိုင်းလက်သီးနဲ့ထိုးနေတဲ့မိမိအဖြစ်ကို အခုမှသတိရမိတယ်
"မတော်တဆဖြစ်တာ"
"ဒီမှာခဏစောင့်"
Xiao Zhan တစ်ယောက်အောက်ထပ်ဆင်းသွားလေသည်
ညစာစားပြီးကတည်းက ခေါင်မိုးပေါ်မှာ စကားထိုင်ပြောနေကြတာ
သူ့လက်မှာ မှာ ဒဏ်ရာကြီးနဲ့
သူ့လို အနုပညာရှင်တစ်ယောက်ကဒဏ်ရာကြီးနဲ့ဆိုရင် ..........တခဏနေတော့ Xiao Zhan တစ်ယောက် Wang Yibo ဘေးထိုင်ပြီး
"လက်ပေး"
"အမ်"
"ခဏလေးဘဲ........ နော်"
"အင်း😊"
လက်ပေါ်ကိုကပ်လာတဲ့ ပလာစတာလေး
Xiao Zhan တစ်ယောက် ပလာစတာ ကပ်နေရင်း ရင်ထဲမှာ စည်တီးနေသလိုပင်
^ပလာစတာ ကပ်ပေးလိုက်တာသူကြိုက်ပါ့မလား အခုမှသူငယ်ချင်းဖြစ်တာလေ ငါက သူ့ရဲ့အခင်ဆုံးသူငယ်ချင်းတွေလို ဂရုစိုက်ပေးနေမိပါ့လား စိတ်ဆိုးသွားရင်ဘယ်လိုလုပ်မလဲ......... ^
Wang Yibo ရဲ့ စိတ်ထဲကစကားတွေကိုသာ Xiao Zhan ကြားနိုင်ရင် အခုလို စိတ်ပူနေမည်မထင်ပေ
Wang Yibo တစ်ယောက် Xiao Zhan က
သူ့လက်ကိုပလာစတာလေးကပ်ပေးနေတဲ့အချိန်က
^ဒုတ် ဒုတ် ဒုတ်^^Wang Yibo မှာတော့ အခန်းထဲမှနံရံကြီး
ကို ကျေးဇူးတင်မိ ဒင်းရဲ့ကောင်းမှုအကြောင်းပြုကာ Xiao Zhan ရဲ့ဂရုစိုက်ခြင်းကိုခံရတယ် ^"ဟို........ တောင်းပန်တယ်နော် မင်းကိုအသိမပေးဘဲ ပလာစတာကပ်ပေးမိတာ..... ငါ... "
"ကျေးဇူးတင်တယ်"
"အမ်"
"ဘာလို့လဲ တောင်းပန်တာက"