Unicode
Se Hun အဆောင်ကိုပြန်လာတော့ညဥ့်နက်နေပြီ သူအတွက်တော့ပုံမှန်ပါဘဲ အဆောင်ရဲ့ ရှေ့ကသစ်ပင်ကိုဖြတ်အလျှောက်
"အ....... မင်းမအောင်တာငါနဲ့ဘာဆိုင်လို့လဲ Han ........ မင်းဘာသာငါ့ကိုငယ်ငယ်ကတည်းကလိုက်ပြိုင်နေတာ...... တော်ပါတော့...... ငါ့ကိုအနိုင်ကျင့်တာတွေ..... နောက်ဆို ငါသီးခံမှာမဟုတ်ဘူး......"
"သီးမခံနိုင်တော့မင်းကဘာလုပ်ချင်လဲ Lu Han"
နာနေသောခြေထောက်ကိုထပ်ကန်လိုက်လေတော့
"အ......."
"ခွပ်"
Lu Han ကိုဆက်ရိုက်တော့မည့် Han တစ်ယောက် Se Hun ရဲ့လက်သီးစာမိသွားတော့သည်
"မင်းနဲ့မဆိုင်ဘဲဘာဝင်ပါတာလဲကွ..... မင်းကဘာကောင်လဲ"
"ခွပ်"
သုံးချက်လောက် ခံရပြီးသော်
"အောက်တန်းကျတဲ့သူတွေနဲ့စကားနိုင်မလုချင်ဘူး....... ခုထွက်သွားမလား.... ဆက်ခံမလား"
"Lu Han, Se Hun မင််းတို့မှတ်ထားကြ"
Lu Han ကိုတွဲခေါ်ပြီး အဆောင်ထဲဝင်လာသည် အခန်းရှေ့ကိုရောက်တော့
"ရပြီ Se Hun အခန်းထဲအထိမပို့တော့နဲ့ ကျေးဇူးဘဲနော်"
"အင်း"
ထွက်သွားတော့မည့် Se Hun အား
"Se Hun"
ပြန်လှည့်ကြည့်လိုက်သည်
"ဒီနေ့ဖြစ်ခဲ့တာတွေကို မေ့လိုက်ပါနော် ဆရာတွေကိုလည်းမပြောပါနဲ့နော်"
^ဆရာတွေကိုသွားပြောမည်ဆိုတာ သိနေတာလား ...... ဘာလို့ လဲ^
နားမလည်သော်လည်း
"အင်း"
Se Hun ထွက်သွားတော့ Lu Han တစ်ယောက် အခန်းထဲမဝင်ချင်သေးတာကြောင့် ခေါင်မိုးထပ်သို့တက်လာခဲ့တယ် ခြေထောက်နာနေသော်လည်း ဝမ်းနည်းနေသောကြောင့် တစ်ယောက်တည်းနေချင်နေလေသည်
Wu Han က Lu Han ရဲ့ငယ်သူငယ်ချင်း မိဘချင်းကလည်းသူငယ်ချင်းတွေဖြစ်ကြတယ် Lu Han ကတော့Wu Han ကိုသူငယ်ချင်းလိုခင်ပေမယ့် Wu Han ကတော့ အမြဲမနာလိုမုန်းတီးနေတာငယ်ငယ်ကတည်းက
Lu Han စာတော်တာကိုလည်းမနာလိုဖြစ်ပြီး မိဘတွေကွယ်ရာမှာအနိုင်ကျင့်တယ်
Lu Han ကတော့မိဘတွေကိုစိတ်မဆင်းရဲစေလိုသောကြောင့်ဘယ်သူ့ကိုမှမတိုင်ခဲ့
Lu Hanအဆိုတော်ဖြစ်လာတော့လည်းမနာလိုဖြစ်ပြီး အနုပညာကျောင်းတွေတက်ပြီး လိုက်ပြိုင်လေ့ရှိတယ် အဆိုကောင်းပေမယ့် Lu Han လိုအကတော်တယ်ထင်နေသောကြောင့်ပြိုင်ပွဲမှာရှုံးခဲ့တယ်
ဒါကိုအခဲမကျေဘဲ အနိုင်ကျင့်တာ
Lu Han အတွက်အရေးကြီးတဲ့အချိန်ဖြစ်နေသောကြောင့် ပြသနာမဖြစ်ချင်
ဒါကိုအခွင့်ကောင်းယူပြီး အနိုင်ကျင့်တော့သည်။