Unicode
"Yubin လား"
^ဟိုက်သေပြီ^
"Xige မတွေ့ရတာကြာပြီနော်"
"ဘာလို့နှုတ်မဆက်ဘဲထွက်သွားတာလဲ"
"ဒီလိုပါဘဲ အရေးကြီး ကိစ္စ ပေါ်လာလို့"
"ထားပါတော့......... ရောက်တာကြာပြီလား"
"ဒီနေ့မှရောက်တာ....... ဟီး....... "
"ခုဘယ်သွားမို့လဲ"
"ဒီနေ့မှကျောင်းပြောင်းလာတာဆိုတော့ရုံးခန်းသွားမို့........ ဟီး....... ရုံးခန်းကဘယ်နားမှာလဲဟင် ရှာနေတာမတွေ့သေးလို့"
" ....... လာ....... သွားမယ် လေ"
"ဟာ....... မလိုက်နဲ့ ရတယ် ဘယ်မှာလဲသာပြောပေး"
သူ့အကြောင်းသိမှာဆိုးလို့ မလိုက်ခိုင်းတာသိတာပေါ့
ဒါရိုက်တာ Wu ရဲ့ချစ်လှစွာသောသားလေး
လွန်ခဲ့တဲ့နှစ်က ကုမ္ပဏီ မှာအကသင်တန်းတက်နေသော Yubin နဲ့ရင်းနီးခဲ့တယ်
သူဘယ်သူလဲဆိုတာလဲမပြောဘူး
မမေးတော့ဘူးလေသိနေပြီဘဲ
သူ့အကြောင်းကိုဘယ်သူမှမသိကြပေ Xige ကလွဲပြီး သူလည်းမတော်တဆကြားမိသွားတာပါ
သူသိနေတာကို Yubin တောင်မသိ။
နောက်တော့နှုတ်မဆက်ဘဲရုတ်တရက်ကြီးထွက်သွားတယ်---------------------
"တစ်ကိုယ်တော်ပြိုင်ရမှာဆိုဘဲ Zhuo Cheng ရာ"
Xiao Zhan တစ်ယောက်ငြီးနေလေရဲ့
"ပြိုင်ပွဲကအစမှာကတည်းကတော်တော်ခက်ခဲတာဘဲ......... ဒါနဲ့....... Se Hun တစ်ယောက်တော့ဘယ်ရောက်နေလဲ
Xiao Zhan""ထုံးစံအတိုင်း........ ဘဲ"
Se Hun ကတစ်ပတ်တစ်ခါလောက်သူငယ်ချင်းတွေနဲ့ချိန်းပြီး အကလေ့ကျင့်လေ့ရှိတယ် တစ်ခါတစ်လေ လမ်းမပေါ်မှာပါ ကကြတယ်
ခုလည်းအတန်းလစ်ပြီးသွားပြန်တယ်Yubin နဲ့လည်းစတွေ့ကတည်းကခင်ခဲ့ကြပြီးလေးယောက်သားအဖွဲ့ကျခဲ့တာ သူကခင်တတ်တယ် အကလည်းတော်တယ် သင်တန်းတွေတက်ခဲ့တယ်ဆိုဘဲ
"ဒါနဲ့ ပြိုင်ပွဲဝင်တဲ့သူတွေက ဆရာShin အကချိန်ကိုတက်ရမယ်ဆိုတာဟုတ်လား Xiao Zhan"
"ဟုတ်တယ် Yubin ရ ငါလေဝမ်းသာလို့မဆုံးဘူး"
Yubin ကနားမလည်ဟန်နဲ့ Zhuo Cheng ကိုမေးသလိုအမူအရာဖြင့်
