Unicode
^အား....... ^
စိတ်ထဲမှအော်ကာပြေးလေရဲ့ တကယ်သာအော်ရင်ချစ်ဆုံးကြီးလန့်သွားမှာကြောက်လို့
ပြေးသွားသောကောင်လေးအားညီဆိုသူကရယ်ပြီး အနားမှထွက်သွားလေရဲ့
နှစ်ယောက်လုံး ရူးသွားတာများလား
ခုနကတော့အကောင်းကြီး
" Yibo ....... Lu han လာတာသိလား"
"အင်း"
"မနက်ဖြန် Ceo Wu ကရုံးခန်းထဲလာဖို့ခေါ်ထားတာသိလား Yibo"
"Xige ပြောလို့သိပြီးပြီ "
"အရေးကြီးတယ်တဲ့ ........ နက်ဖြန်မှတွေ့မယ်နော်"
"ဟုတ်"
---------------------------------
သူငယ်ချင်းများဆီကပြန်လာသောလမ်းမှာမိမိရှေ့သို့ ရောက်လာသော ကားအနက်တစ်စီး
^ဟာ ...... လာပြန်ပြီ ဘာတွေများပြောအုံးမလဲ^
ကားပေါ်မှာအမည်းရောင်ကိုယ်ရံတော်နှစ်ယောက်ဆင်းလာပြီး အသက်၅၀ကျော် လူကြီးတစ်ယောက်ဆင်းလာသော်
"နေ့တိုင်း ခပ်ပေါ့ပေါ့နေဖို့ဆုံးဖြတ်ပြီးပြီလား ကျောင်းတက်ဖို့ကောခေါင်းထဲမှာရှိသေးလား ကျောင်းဖွင့်နေတာတစ်လကျော်ပြီ"
"မနက်ဖြန်ကျောင်းစတက်မှာ"
"တစ်နှစ်လုံး ငါစောင့်ကြည့်လို့ဒီပုံစံအတိုင်းသာဆိုရင် ငါဘာလုပ်မယ်ဆိုတာမင်းအသိဆုံး"
"Dream မှာကျောင်းတက်ဖို့က ကျွန်တော့်အိပ်မက် Ceo Yang ကသာကျွန်တော်ရဲ့တောင်းဆိုမှုကိုမမေ့ပါနဲ့ ကျွန်တော့်လမ်းကြောင်းမှာ Ceo ကြီးရဲ့နာမည်မတွေ့ပါစေနဲ့ ကျွန်တော်သွားပြီ"
အိုမား ထွက်သွားပြီးကတည်းက ပါးဆိုတာ Se hun ဘဝမှာ တစ်စိမ်းတစ်ယောက်ဖြစ်လာခဲ့တယ် အိုမားကိုးရီးယားကို အပြီးထွက်သွားတာလွန်ခဲ့တဲ့၅နှစ်က
မားထွက်သွားပြီးတစ်နှစ်နေတော့ ပါးကနောက်အိမ်ထောင်ပြုလိုက်တယ်
နှစ်နှစ်နေတော့ကိုရီးယားကဆက်သွယ်လာတယ် မားဆုံးပြီဆိုတဲ့သတင်းနဲ့
လောကကြီးကမရက်စက်လွန်းဘူးလား
အိမ်မှာနေချင်ပေမယ့် ပါးမိန်းမကိုမကြည့်ချင်ဘူး မမြင်ချင်ဘူး မုန်းတယ် ပါးရှေ့မှာအလွန်ကောင်းတဲ့ မိထွေးပုံစံလုပ်ပြီး ပါးကွယ်ရာမှာတော့ ပြသနာကိုအမြဲမီးထွန်းရှာတတ်တယ်
မနေနိုင်လို့ထွက်လာတာ နှစ်နှစ် လောက်ရှိပြီ
ကော်ဖီဆိုင်တစ်ခုမှာအချိန်ပိုင်းလုပ်ပြီး အဆောင်ငှားနေခဲ့တာ
ပါးကအိမ်မှာမနေချင်ရင်ကျောင်းတက်ရမယ်ပြောလို့ ဝါသနာပါတဲ့ အဆိုတော် ဖြစ်လိုဖြစ်ညား Dream အနုပညာကျောင်းမှာတက်ဖို့ဆုံးဖြတ်လိုက်တယ်
ကျောင်းကအဆောင်ရှိတော့အဆင်ပြေတယ် နေစရာအတွက်မပူရတော့ဘူး
