Unicode
အခန်း ၁၅ ထဲဝင်လိုက်တော့အခန်းဖော်လို့ထင်ရတဲ့ကောင်လေးတစ်ယောက် ဂိမ်းဆော့နေတာကိုတွေ့လိုက်တယ် သူလာတာအရေးစိုက်တဲ့ပုံမပေါ်တစ်ချက်သာကြည့်ပြီး ဂိမ်းပြန်ဆော့နေတော့တာဘဲ
^တစ်ယောက်တည်းနေရမယ်ထင်နေခဲ့တာအမြင်ကပ်နေတဲ့သူနဲ့နေရမယ်တဲ့ စိတ်ညစ်စရာဘဲ^
ဟုတ်တယ် အမြင်ကပ်တယ် Xiao Zhan နေ့တိုင်းဒင်းအကြောင်းတွေချည်းပြောနေလို့အမြင်ကပ်နေတာဘာလို့လဲမမေးပါနဲ့ အကြောင်းအရင်းမရှိဘူး
အဖက်မလုပ်တာ ဘဲကောင်းတယ် Wang Yiboကိုယ်တိုင်ကလည်းလူတွေနဲ့ခပ်ကင််းကင်းနေတတ်သောကြောင့် အခန်း၁၅ မှာလူမနေဘူးဟုတောင်ထင်ရတယ်
တစ်နေကုန်ပင်ပန်းနေသောကြောင့် ခုတင်ပေါ်အရောက် ရုတ်တရက်ပွင့်လာသောအခန်းတံခါး မှလူတစ်ယောက်အသံ
"Se Hun ညစာသွားစားကြ........... "
ပုံမှန်လည်း Se Hun အခန်းတံခါးကိုမခေါက်ဘဲ ဝင်နေကြမို့တန်းဝင်လိုက်တော့ ရုတ်တရက်မမျှော်လင့်ထားတဲ့သူကိုတွေ့လိုက်တော့စကားတွေပျောက်လျှ
"သွားစားကြမယ်လေ ဘာရပ်နေတာလဲ Xiao Zhan"
---------------------
"ဘာ ........ Wang Yibo ကမင်းရဲ့အခန်းဖော် ဟုတ်လား"
"ဟုတ်လို့ဘဲမင်းတွေ့ခဲ့တာလေ"
"အာ မင်းကကျောင်းကိုနောက်ဆုံးမှပြောင်းလာတော့ ထပ်ပြောင်းလာတဲ့သူတွေနဲ့တူတူ အဆောင်ကျတာနေမှာပေါ့"
"Zhuo Cheng ပြောတာဖြစ်နိုင်တယ်"
"Xiao Zhan ဟိုမှာ မင်းအချစ်တော်လာနေပြီ"
---------------------
ညစာစားရန်အခန်းထဲမှအထွက်
"Yibo ညစာသွားစားကြရအောင်လေ"
"ဟုတ် ge ခုဘဲသွားမလို့ "
Hai Kuan, Xige,Lu Han ,Yiboတို့လေးယောက်ညစာစားရန်ထွက်လာကြတယ်
---------------------
"Wang Yibo ကသူ့သူငယ်ချင်းတွေနဲ့တူတူဆုံရင်ပြုံးယောင်သန်းနေလိုက်တာ ချောလိုက်တာ အဲ့ပုံစံလေးက"
"ဘာကြောင့်လဲသိလား Lu Hanရှိလို့လေသူတို့ကို ship ပေးနေကြတဲ့ fan တွေတောင်ရှိတယ် နှစ်ယောက်လုံးက star တွေဆိုတော့ လိုက်ဖက်တယ် "