Unicode:
"နေအုံး ကလေး'
"နမ်းရမယ့်အချိန်မဟုတ်သေးဘူး'
"မေးစရာရှိတယ် ဒီနေ့ဘယ်လို့ဖစ်တာလဲ'
"Hmm ကိုကို ဘာကိုလဲ မြန်မြန်ပြောဗျာစိတ်မရှည်ဘူး နမ်းချင်နေပြီ'
"ကလေးလေး ခြေထောက်ရောသက်သာလား Skateboard စီးရင်းထိခိုက်မိသေးတယ်မလား'
"ကိုကိုက ဘယ်လိုသိလဲ'
"ဘယ်လိုသိလဲမမေးပါနဲ့ ကိုကိုမေးတာသာဖြေ ခြေထောက်ရောသက်သာလား လာ'
ပြောရင်းဆိုရင်း ရှောင်းကျန် ပွေ့ချီလိုက်သည်
အားယို့ယို့ ကလေးက အနှစ်ကြီးပဲ ရှောင်းကျန့်ယိုင်ချင်သွားသည်
"😁😁😁 ကိုကိုနော် သေချာလည်းမနိုင်ဘဲနဲ့ လူကြီးလေးက လုပ်ချင်သေးတယ် 😝'
ဆိုဖာပေါ်ချပေးပြီး ဆေးသေတ္တာဘူးယူကာ ကလေးခြေထောက်ကို လှမ်းကိုင်တော့
"ဟာ ကိုကို ရိပေါ်ငရဲကြီးတော့မှာပဲ'
"😂အဲ့တာတော့ သိသားနော် ငရဲမကြီးချင်ရင် နောက်တစ်ခါခန္ဓာကိုယ်မထိခိုက်စေနဲ့ ကလေးကအဲ့လိုအားကစားတွေ ဝါသနာပါလို့သာ ကိုကိုက မပြောတာ ကလေးအတွက်အရမ်းစိုးရိမ်နေရတာရောသိရဲ့လား '
အပြောလေးတွေနဲ့တင် ရိပေါ်မျာကြွေဆင်းနေရပြီ
"ဒီကောကော စကားတတ်မှန်းသိပါတယ်နော် ရိပေါ်မထိခိုက်အောင်နေပါ့မယ်'
လာ ဆေးလိမ်းပေးပြီး ခြေထောက်တွေကိုနှိပ်နယ်ပေးနေမိသည်
ကိုကိုရယ် ချစ်လိုက်တာ မနေနိုင်တော့ဘူး
ကိုကို့ မျက်နှာလေးကို မော့စေလိုက်သည်"ချစ်တယ်ကိုကို 😚' နဖူးကို စနမ်းလိုက်သည်
"တော်တော့ရပြီ ကိုကို့အပြောတွေ အပြုံးတွေနဲ့တင်ရိပေါ်က သက်သာနေပါပြီ'
နဖူးလေးကိုထိကပ်နမ်းထားရင်း မျက်လုံးနှစ်ဖက် နှာခေါင်း ပါးနှစ်ဖက် တစ်ရွေ့ရွေ့တင်းလာသည်
ကိုကို က မျက်လုံးမှိတ်၍ငြိမ်ပြီး ခံစားနေသည်
နှုတ်ခမ်းနမ်းမည်အထင်နှင့် နှုတ်ခမ်းများကိုထော်ထားသည်
YOU ARE READING
အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပါသော ကိုကို (Unicode+Zawgyi) (Completed)
FanfictionYiZhan အတွဲလေးကို အရမ်းချစ်လို့ Fan Fictionလေး ရေးချင်လာလို့ပါ