Unicode:
ရိပေါ်နဲ့ကိုကို Publicမှာ အတူတွဲမတွေ့ရပေမဲ့ တစ်ပတ်တစ်ခါလောက်တော့ ကိုကို့အိမ်သွားသည်
ကိုကိုကအမြဲအလုပ်ရှုပ်နေသူမို့ နားပါပြောရင်တောင်မရ
လူတွေအမြင်မှာ ရိပေါ်ချေတာပဲသိကြတာ ရိပေါ်ကအချေခံနေရတာကျတော့မသိကြဘူး
ကိုကို လာခဲ့မယ်ပြောလည်းမလာခိုင်း ဆင်ခြေတွေက ရိပေါ်ပင်ပန်းမှာစိုးလို့နဲ့ ရိပေါ်ကလေ ပင်ပန်းရင်ပင်ပန်းပါစေ ကိုကိုနဲ့တွေ့ရရင်အားလုံးအဆင်ပြေတာကို
ကိုကို့မွေးနေ့က မနက်ဖြန်
ရောက်တော့မယ် ဝယ်စရာရှိတာတော့ရိပေါ်ကဝယ်ပြီးသွားပြီ Surpriseတိုက်ဖို့ပဲရှိတော့တယ် ကိုကိုကမနက်ဖြန်Shootingမှာပဲရှိနေမှာ ရိပေါ်ရော Shootingမှာပဲ ည12မှာတော့ ကိုကို့အတွက်အရင်ဆုံး မွေးနေ့ဆုတောင်းပေးမည်"ကိုကိုရေ မအားတဲ့ကြားက လွမ်းနေတယ်'
Ting ting...ရှောင်းကျန့်Messageလာနေသည်ကို သတိထားလိုက်မိသည် Shootingကမပြီးသေး အလုပ်ကိုပိုမိုအာရုံစိုက်လိုက်မိသည်
ခဏနားချိန်ရောက်မှ ဖုန်းဖွင့်ကြည့်တော့
ကလေးက Msgပို့ထားသည် ပို့တာတောင်မအားလည်းလွမ်းတယ် သူကတော့မလွမ်းဘူးပေါ့ ရန်တွေ့ချင်နေပုံလေးရှောင်းကျန့်မွေးနေ့များမေ့နေပြီလားမသိ ဘာဆိုဘာမှမွေးနေ့နဲ့ပတ်သတ်တာမပြောဘူး ဒီကလေးတော်တော်ဆိုး
ရှောင်းကျန့်missed callsများပေးလိုက်သည်
(လွမ်းရင်ခေါ်တဲ့ Miss callပါနော် ရိုကြတာ)ရူတင်အပြန်တော်တော်နောက်ကျနေပြီ အချိန်က 10နာရီ အိမ်ရောက်ရင် 11.55လောက်ဖြစ်မည်
ကားပေါ်ရောက်ရောက်ချင်း ကလေးကိုဖုန်းခေါ်သည်
"Hello ကလေးလေး'
"အင်းကိုကို'
"Missed callsပဲပေးပြီးစာကိုပြန်မပို့ဘူးနော်
ရိပေါ်ကအခု ဝမ်ချေချေမဟုတ်တော့ဘူး ကိုကိုကမှရှောင်းချေချေ'"ခုကိုကိုဖုန်းပြန်ခေါ်တယ်လေကွာ ကိုကို့ကိုဘာလို့ရစ်နေရတာလဲ'
YOU ARE READING
အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပါသော ကိုကို (Unicode+Zawgyi) (Completed)
FanfictionYiZhan အတွဲလေးကို အရမ်းချစ်လို့ Fan Fictionလေး ရေးချင်လာလို့ပါ