Unicode:
"အချစ်ဟာ သူလို့ ယူဆထားသ၍ကြားလူဝင်လည်း မပြတ်ဘူး"
"ဘဝဟာတိုတောင်းလွန်းပါတယ် ဖြစ်လာတဲ့ဘဝ ခဏလေးမှာ ကိုယ်ချစ်တဲ့သူနဲ့ကိုယ်ကိုချစ်ပေးတဲ့သူ ထပ်တူကျနေတာ ပျော်ဖို့အကောင်းဆုံးအရာမဟုတ်ပါလား"
......................................................................
ရိပေါ် ကိုကိုနဲ့မွေးနေ့နောက်ပိုင်း မတွေ့ဖြစ်ပေမဲ့ ဖုန်းအဆက်အသွယ်တွေတော့ တစ်စက်ကလေးမပြတ်ခဲ့ နှစ်ယောက်ကြားထဲမှာ ကိုကို့ရဲ့မားမားအတွက်ပါထည့်စဥ်းစားပေးရတဲ့ကဏ္ဍလေးပါ ပါလာခဲ့ပေမဲ့လို့ပေါ့
ရိပေါ်စိတ်မကောင်း အဲ့သည်နေ့က ငိုခဲ့သည် တစ်ဦးပေါ်တစ်ဦးနှစ်သိမ့်၍
ကိုကို့မာမားကိုလည်း နားလည်သည် ရိပေါ်က ရင့်ကျက်တဲ့သူဖြစ်အောင်ကြိုးစားနေဆဲသူမို့ပါ
.....
ရှောင်းကျန့် ကလေးကို ပြောစရာစကားမရှိခဲ့ ငိုနေတာကိုချော့ပြီး တစ်ဦးနဲ့တစ်ဦးဖက်ထားယုံမှတစ်ပါး
ကလေးက အရွယ်လေးနှင့်မလိုက်အောင်ရင့်ကျက်လွန်းလှသည် မာမားကိုလည်း နားလည်ပေးပြီး ရှောင်းကျန့်ကိုပင်ပြန်ချော့ပေးနေခဲ့သေးသည် ကလေးရဲ့ဖြတ်သန်းခဲ့ရတဲ့ဘဝက ကြမ်းတမ်းလွန်းပါတယ် အောင်မြင်မှုရတော့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ရင့်ကျက်ချင်ယောင်ဆောင်သည်ထင်သည်
အရင်က ကလေးကို ဆေးနီတွေနဲ့အပက်ခံရတဲ့Video fileတက်လာတော့ ရှောင်းကျန့်ရင်တွေနာရသည် ချေတယ်ဆိုတာ တစ်ကယ်တော့ ကိုယ့်ကိုကိုယ် ကာကွယ်ခြင်းတစ်မျိုးပါပဲလေ
ကလေးက ရှောင်းကျန့်အတွက်တော့အမြဲတမ်းကလေးလေးပါပဲ
ဖုန်းနဲ့ပဲအဆက်အသွယ်လုပ်ရင်း ကလေးက ရှောင်းကျန့်ဆီမလာတာ နှစ်ပတ်နီးပါးရှိတော့မည် မျက်နှာလေးကိုမြင်ချင်သော်လည်း ရှောင်းကျန့်မှာ Scheduleတွေကရက်တိုင်းနီးပါး ညတစ်နာရီထိအပြည့်
မနက်ဖြန်တော့ Sundayမို့ရှောင်းကျန့် ရှစ်နာရီလောက်စောပြီးမည် အံ့သြသွားအောင် Shootingပြီးတာနဲ့ ကလေးဆီသွားမယ်
YOU ARE READING
အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပါသော ကိုကို (Unicode+Zawgyi) (Completed)
FanficYiZhan အတွဲလေးကို အရမ်းချစ်လို့ Fan Fictionလေး ရေးချင်လာလို့ပါ