အပိုင်း 2

10.1K 708 7
                                    

Unicode:

နှစ်ယောက်လုံး အလုပ်ကိုယ်စီနှင့်ရှုပ်နေသည်မို့
ညဘက် အိပ်ခါနီးအချိန်မှလွဲ၍ မျက်နှာမမြင်ရ

တစ်နေ့လုံး အလုပ်လုပ်ပြီး ပင်ပန်းလာသော်လည်း ကလေးမျက်နှာမြင်မှ ပင်ပန်းခြင်းပျောက်သူမို့ စောစောအိပ်တတ်သည့်ရှောင်းကျန့် နောက်ကျမှ အိပ်ခြင်းနှင့် အသားကျနေတော့သည်

ရုပ်ရှင်ရိုက်ရင်း ခဏနားတော့ ဖုန်းကိုင်တော့
Missed callတွေ အခါ 55 ခါခေါ်ထားသည်

ဘယ်သူရှိရမလဲ ကလေးလေးရိပေါ်ပေါ့

ပြန်ဆက်ဖို့အလုပ် directorက ရေသောက်ပြီးရင် ပြန်ရိုက်မယ်နော်ပြောတာနဲ့ ဖုန်းပြန်မဆက်ဖြစ်တော့....

ကလေးလွမ်းနေသလို ကိုကိုလည်းအားတဲ့အချိန်တိုင်း ကလေးကိုပဲလွမ်းနေပါတယ်

ရိပေါ်စိတ်တိုနေပြီ ဒီကိုကိုပေါ့ အလုပ်နဲ့အတူဆို သူ့ကိုဘယ်တော့မှသတိမရ တစ်ခါတလေအရမ်း လူကြီးဆန်သလို ရိပေါ်နဲ့တွေ့ရင်တော့ ကိုကိုက ကလေးလေး

အခုလည်းကြည့် ဖုန်းခေါ်ထားထာကိုပြန်မခေါ်ဘူး တကယ်တော့ ရိပေါ်တို့နှစ်ယောက်က သတိရတဲ့အချိန်တိုင်း Missed callပေးဖို့လုပ်ထားကြတာ ဖုန်းကိုင်မှရယ်မဟုတ် လွမ်းတိုင်းMissed callပေးဖို့ ကိုကိုပဲအရင်စပြောထားတာ

အခုတော့ ရိပေါ်ကချည်းပေးနေရတော့တာပဲ
ဖုန်းကို လက်ကအပျောက်မခံဘူး Managerက ယူထားပေးမယ်ဆိုတာတောင် ရိပေါ်မပေး

ကိုကိုများ ဖုန်းဆက်ရင်မသိလိုက်မှာစိုးလို့ Vibrator လေးပေးပြီး အိတ်ကပ်ထဲအမြဲထည့်ထားရတာ

ကိုကို့ကို အဲ့လောက်ချစ်တာရော သိရဲ့လား

Messageပို့အုံးမှပဲ

"Fighting GeGe. Miss you more than I can say"

"ကိုကိုရေ အရမ်းလွမ်းတယ် ညဘက်နှစ်နာရီလောက်လာခဲ့မယ် စောင့်နေနော် ရိပေါ်ကို ထမင်းချက်ကျွေးပါ အိမ်ရှင်မလေးက'

ပို့ပြီး ရိပေါ်ဖုန်းကိုအိတ်ကပ်ထဲ ပြန်ထည့်လိုက်သည် ကိုကိုက ရှုပ်နေတာဆိုတော့ ပြန်ပို့မှာလည်းမဟုတ်

ဘာလိုလိုနဲ့ နောက်နှစ်ပတ်နေရင် Day Day upကို အတူတူတက်ရောက်ရအုံးမည်

အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပါသော ကိုကို (Unicode+Zawgyi) (Completed)Where stories live. Discover now