Unicode:
ဒီနေ့ CQL ရဲ့ Final concertပထမရက်လေး
ရှောင်းကျန့် ကလေးနဲ့အတူတွဲတွေ့ရမှာမို့အရမ်းပျော်မိပေမဲ့ Fansလေးတွေအတွက်တော့ စိတ်မကောင်းဘူး
Rehearsal timeမှာ နှစ်ယောက်သားအတူလုပ်ကြတော့ ရှောင်းကျန့်အသံတွေနာပြီး လူကလည်းအားမရှိတော့သယောင်ဖြစ်နေသည်
အမြဲအရိပ်တကြည့်ကြည့် ကြည့်နေတတ်တဲ့ ကလေးကတော့ ကိုယ်မပြောတောင်သိနေတယ်လေ
"Zhan Geနေမကောင်းဘူး'
Directorကိုပြောတော့
"Ge အဆင်ပြေပါတယ် စိတ်မပူနဲ့'
နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်နေပုံကို ကြည့်တာနဲ့ပင် သူတို့နှစ်ယောက်ရဲ့အချစ်ပင်ဘယ်လောက်ကြီးမားကြောင်းကိုခန့်မှန်းမိကြလိမ့်မည်
Rehearsal ပြီးတော့ Photoရိုက်ဖို့သွားရသည်
နေရာကို သေချာပြင်ပြီး နှစ်ယောက်မတူတဲ့နေရာမှာနေရာချ ပြီးရိုက်ပေးကြသည်
မှန်ဘီလူးမလေးတွေရဲ့ရန်ကလွတ်အောင် 😁"အားလုံးပြီးသွားပါပြီခဗျာ နောက်တစ်နာရီခွဲကြာပြီးရင် Concertစတော့မှာမို့ အဆင်သင့်စောင့်နေပေးစေချင်ပါတယ်'
"ဟုတ်ကဲ့ ကောင်းပါပြီ' နှစ်ယောက်ပြိုင်တူဖြေလိုက်ကြသည်
"မန်နေဂျာအကို makeup artistတွေလူတွေအကုန်အပြင်ထွက်ပေးကြပါ Gegeနဲ့ Rehearsal လုပ်ရမှာမို့ နာရီဝက်ကြာမှ ပြန်လာပေးကြ'
ရိပေါ်အားလုံးကိုနှင်ထုတ်လိုက်သည် ဒီအချိန်လေးကို ကိုကိုနဲ့နှစ်ယောက်ထဲအတူနေချင်သည်လေ
အားလုံးထွက်သွားပြီး နှစ်ယောက်ထဲကျန်တော့
"ကလေး.... ကလေးအကြံ ဒါအကုန်ပဲလား'
"မကုန်သေးဘူး'ပြောရင်းပင် ရိပေါ်ကိုကို့ရဲ့ နှုတ်ခမ်းအောက်က မှဲ့လေးကိုနမ်းလိုက်သည်
"ကလေး....'
"ဗျာ'
"ဒီနေ့တော့ မဖြစ်ဘူးနော်'
"ကိုကိုကလည်း ရိပေါ်ကဘာလုပ်နေလို့လဲ'
"ဘာမှတော့မလုပ်သေးဘူးလေ အကွက်တွေကြိုမြင်နေလို့ပြောရတာ'
YOU ARE READING
အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပါသော ကိုကို (Unicode+Zawgyi) (Completed)
FanficYiZhan အတွဲလေးကို အရမ်းချစ်လို့ Fan Fictionလေး ရေးချင်လာလို့ပါ