အပိုင်း 14

5.3K 251 3
                                    

Unicode:

ဒီနေ့ နှစ်ဦးလုံး အလုပ်တွေနားထားသည်မို့ ရိပေါ် မနက်ငါးနာရီလောက် ကိုကို့ရဲ့အိမ်သို့လာသည်

ကိုကိုမထသေး အိပ်ပုတ်ကိုကို
ဟီး ပြောသာပြောရတာ ကိုကိုကအိပ်ပုတ်တာမဟုတ်ဘူး ရိပေါ်ကတစ်ညလုံးမအိပ်ဘဲဂိမ်းဆော့နေရင်း မနက်စောစောကိုကို့အိမ်လာလိုက်တာ

အိပ်နေတဲ့ပုံလေးကြည့်ပါအုံး ဘယ်သူက 28နှစ်ပြည့်ပြီးတဲ့ကိုကိုလို့ထင်မှာလဲ ကလေးလေးအတိုင်း ချစ်စရာ သုံးနှစ်သားလေး ကိုကို

ကိုကို့ဘေးနားကပ်အိပ်လိုက်ရင်း တင်းကျပ်စွာဖက်လိုက်သည် ကိုကိုအသက်ရှူကျပ်သည်ထင် မျက်လုံးလေးဖွင့်လာပြီး

"သူခိုး သူခိုး လုပ်ကြပါအုံး' အသကုန်အော်လိုက်သည်

ရှောင်းကျန့် လန့်လိုက်တာ အိပ်နေတာမှောင်နေတော့ အိမ်ထဲလူဝင်တာလည်းမသိလိုက် ဘယ်သူမှန်းမသိ ရှောင်းကျန့်ကိုဖက်ထားတာတင်းကျပ်၍လန့်နိုးလာသည် လန့်ပြီးခေါင်းအုံးများနှင့်ပါ ဖိ၍ရိုက်လိုက်သည်

"အား အား..အား..ကိုကို ကိုကို ကျွန်တော်ပါ ကျွန်တော်ပါ'

ရှောင်းကျန့်အားနှင့်ရိုက်နေသည်မို့ ဗလုံးဗထွေးနှင့်သူခိုးက ဘာပြောလည်းမကြား ရိုက်ရင်းထပြီး မီးအမြန်ပြေးဖွင့်တော့...

"ကိုကို ကျွန်တော်ပါဆို'

" က..ကလေး..ကလေးလေးလာ'

"လက်သံပြောင်လိုက်တာနော် ရိပေါ်ပြောနေတာလည်းနားမထောင်ဘူး ခေါင်းတွေတောင်မူးလာပြီ'

"ကလေးက ပြောမှမပြောထားတာ လာမယ်လို့
ကိုကိုက လန့်သွားတာပေါ့'

"ကြိုက်တယ်ကြိုက်တယ် ကိုကို့လက်သံကို တခြားသူဆိုလည်းဆော်သာဆော်'

"ကလေးကိုအခု ရိုက်မိပြီလေ 😔' ပြောရင်းရှောင်းကျန့် ငိုမဲ့မဲ့လုပ်နေသည်

"အမလေးအမလေး ငိုတော့မငိုလိုက်ပါနဲ့ ရိပေါ်မနာပါဘူးကိုကိုရဲ့ ခေါင်းမူးယုံလောက်ပါ ပြန်အိပ်လိုက်ရင်ရပီကိုကိုရဲ့ လာ'

ပြောရင်းရိပေါ်ဆွဲလိုက်တော့ ချက်ခြင်း ကိုကိုကုတင်ပေါ်လဲကျသွားသည်

အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပါသော ကိုကို (Unicode+Zawgyi) (Completed)Where stories live. Discover now