အပိုင်း 4

7.3K 527 3
                                    

Unicode:

Day Day upမှာ သူတို့နှစ်ယောက် Rehearsal လုပ်တော့ ကလေးအကြည့်တွေက ချစ်ရည်တွေပြည့်နေသည်

ရှောင်းကျန့်ရှက်၍မသိချင်ယောင်ဆောင်ရသည် ကိုယ်တွေအတွဲကို စောင့်ကြည့်နေသာတွေက တစ်ပုံတစ်ပင်မလား

ရှောင်းကျန့်ကလေးကို မကြည့်ဘဲလည်း မနေနိုင် ကလေးကြည့်ပြန်ရင်လည်း ရှက်နဲ့ ဘာလုပ်ရမှန်းကိုမသိတော့..
အစီအစဥ်စတော့ အဖွဲ့နာမည်မေးတော့ ကလေးကဖြေသည် ရိကျန့် Yizhanတဲ့လေ

ရှောင်းကျန့်ဘာမှမပြောနိုင် ရှက်ပြုံးသားပြုံးနိုင်သည်

ရိပေါ်အကြောင်းမေးကြတော့...

"စကားမများဘူးအေးတယ် ထင်တာ'

တစ်ကယ်လည်း မပြောဘူးမလား... Day Day upက အကိုတွေကပြောတော့..

ရှောင်းကျန့်က 'မဟုတ်ဘူး သူခင်တဲ့သူတွေနဲ့ဆို စိတ်ကနွေးထွေးပြီး စကားလည်းပြောတယ်' ဆိုတော့ day day upကအကိုတွေ အံ့သြသွားကြတာ

ရိပေါ်တို့ ဘူးပေါ်သလိုပေါ်ပြီလေ တခြားသူတွေနဲ့ချေထားသမျှ ကိုကို့ကိုဆို သူမနိုင် ယုန်ကလေးရဲ့အပြုံးတွေအောက်မှာ ကျရှုံးခဲ့ရသည်ချည်း

တော်သေး ပြီးသွားလို့သာပဲ ရိပေါ်ကလေးက တစ်ချိန်လုံး ကြည့်နေလို့ သူ့မှာနေစရာနေရာတောင်မရှိ အားလုံးကစောင့်ကြည့်ခြင်းခံနေရသည်

ဒီကြားထဲ ဖွင့်ပြောတဲ့သီချင်းဆိုပြတော့ ရိပေါ်မနေနိုင်စွာ ပြုံးကြည့်နေ၍ လက်ညှိုးထိုးကာပြရသေးသည်

အဲ့တော့မှ ကလေးက ရုပ်တည်သွားသည်လေ လူဆိုးကလေး

ပြန်တော့မယ်နော် အားလုံး ရှောင်းကျန့်တစ်ယောက်မကျန်လိုက်နှုတ်ဆက်နေသည် Camera manကအစ လူများအားလုံး

ကျေးဇူးပါ ကျေးဇူးပါ

ရှောင်းကျန့်

အာဒီကလေးတော့ လူကြားထဲလုပ်ပြီ

ရိပေါ် Gegeပြန်တော့မယ်

အင်း ဆူပုတ်၍ပြောသည်

တိုးတိုးလေး ကပ်၍ 'ညလည်း ရိပေါ်လာမှာနော်'

ကလေးကို ပြောမှမနိုင်ဘဲ အရာအားလုံးကလေးသဘောကျ ဖြစ်ရသည်မို့

အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပါသော ကိုကို (Unicode+Zawgyi) (Completed)Where stories live. Discover now