အပိုင်း 13

4.7K 260 1
                                    

Unicode:

ဒီရက်ပိုင်း ကလေးစိတ်ချမ်းသာအောင် ဆင်တူလေးတွေချည်းထုတ်ဝတ်ဖြစ်သည် ရှောင်းတို့တို့နှစ်ယောက်မှာ Coupleအကျီတွေက မကုန်နိုင်

ကလေးကဝယ်လာရင်လည်း ရှောဂ်းကျန့်အတွက်ပါပြီး ရှောင်းကျန့်ဝယ်လျှင်လည်း ကလေးအတွက်အမြဲပါသည်

Coupleဝတ်စုံတွေထုတ်ဝတ်နေရနာအလကားမဟုတ် အထက်လူကြီးကစိတ်ကောက်နေ၍ချော့နေရခြင်းသာ

Yang Ziနှင့်ရိုက်သည့်seriesတွင် အနမ်းခန်းများနှင့် Bed scene တစ်ချို့ပါ ပါသည်
ကလေးမှာ အလုပ်သဘောမှန်းနားလည်နေသော်လည်း ရှောင်းကျန့်ကိုမူအမြဲသဝန်တိုသည်

ကလေးသဝန်မတိုအောင်နေထိုင်နေသော်လည်း တစ်ခါတစ်ခါရှောင်မရစွာ သူငယ်ချင်းလိုပေါင်းပြီးရင်းနှီးမှ သရုပ်ဆောင်ရာတွင်လည်း အခက်အခဲမရှိတော့မှာလေ

BTSတက်တိုင်းစိတ်ကောက်ခံရသူမို့ ဝတ်ပြနေရသည်

အခုလည်းကြည့် ကလေးကဖုန်းမခေါ် msgလည်းမပို့တာ တစ်နေကုန်တော့မယ် ရှောင်းကျန့်Missed callsပေါင်းများစွာပေးပြီးmsgတွေပို့နေသော်လည်း ပြန်မလာ စိတ်ကောက်နေတာ သေချာနေပါပြီ

"ကလေး ကိုကိုဘာအမှားလုပ်မိလဲဟင် တစ်နေကုန်စာလည်းမပို့ ဖုန်းလည်းမခေါ်ဘူး'
"စားပြီးနားမလည် ဝါးပြီးထွေးထုတ်လုပ်လို့မရဘူးနော် 😒'

အဲ့ကိုကို ဘာတွေပို့မှန်းကိုမသိဘူး ရိပေါ်စိတ်ဆိုးသည် BTSတွင် ကျဲYang Ziရဲ့ခေါင်းကိုပုတ်လိုက်တာတွေ့လိုက်သည် ရိပေါ်စိတ်မကောက်ဘဲမနေနိုင် အလုပ်သဘောအရခင်မင်ရင်းနှီးတာကို နားလည်ပေမဲ့ ကိုကို့အပေါ်ဆိုးချင်သည် ဒေါသတွေလည်းထွက်နေပြီ အလုပ်ထဲလည်းစိတ်မပါပေမဲ့ အတတ်နိုင်ဆုံးစိတ်ထည့်ထားရသည်

ရိပေါ်ပြန်မပြော ချေထားရအုံးမည် 😎

"ကလေး ကိုကို့ကိုခေါ်ပါ အခုShootingပြီးလို့ပြန်လာနေပြီ'

......

"ကလေးရေ တံခါး လာဖွင့်ပေးမလား ကိုကိုဖွင့်ပြီးဝင်လာရမလား'

"Omg'

"လာပြီ 😏'

"ကလေးလေး'
ရှောင်းကျန့်ချွဲသည့်အသံနှင့်ပြောလိုက်သည်

အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပါသော ကိုကို (Unicode+Zawgyi) (Completed)Where stories live. Discover now