အပိုင်း 1

25.5K 872 9
                                    

Unicode:

ရှောင်းကျန့်ရဲ့ Wallpaperမှာ တင်ထားတဲ့
ကောင်ငယ်ကလေးပုံကို ရုပ်ရှင်အတူတူရိုက်နေတဲ့ ကျဲကျဲက တွေ့သွားတာ လန့်သွားတာပဲ

ကလေးရယ် Wang Yibo မင်းကို ချစ်ရတာလည်း မလွယ်ပါလားနော် ကိုကို့ရဲ့Wall paperမှာ စိတ်ကြိုက်မင်းပုံတင်တာတောင် လိုက်ကြည့်ခံနေရတဲ့ဘဝပါ

မအောင်မြင်သေးခင် အောက်ခြေကတက်လာတဲ့ကိုကို့အဖို့ ကလေးလေးရဲ့အောင်မြင်မှုတွေ ပျောက်ကွယ်မှာစိုးလို့ ကလေးရဲ့အကြည့်တွေကို သိနေရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်နေရတာပါ

Wo....ဆိုင်ကယ်အသားကုန်စီးပြီး ညနှစ်နာရီလောက် အသံကြားရသည် ရှောင်းကျန့် တစ်နေ့လုံး ပင်ပန်းပြီး သေမလောက်အိပ်ချင်နေသော်လည်း ကလေး(ရေှာင်ခယ်အိုက်)လေးလာမယ် ပြော၍စောင့်နေရသည်

ရောက်ရောက်ချင်း ကိုကို့ကို အတင်းဖက်နမ်းတော့သည်

"ကလေးရယ် နေပါအုံး စိတ်တွေတိုလာတာလား
ဘာလို့လဲ ကိုကို့ကိုပြောပြလေ'

"ကိုကို.. 😒'

"ဗျာ ပြောပါ😁'

ဒီကိုကို သူ့အပြုံးတွေနဲ့လာချော့ပြန်ပြီ စိတ်ဆိုးလာတဲ့ကိုယ့်မှာ သူ့အပြုံးတွေသူ့မျက်နှာတွေမြင်ထဲက စိတ်ကပျော့နေပြီ

"ဒီနေ့Video btsတွေ့လိုက်တယ်နော် ဘာလို့ ရှစ်ကျဲကိုဖက်လိုက်တာလဲ'

"အာ ကလေးရေ ကံကောင်းလို့ ကျဲကျဲတစ်ယောက်ပဲမြင်သွားတာ ကလေးရဲ့ပုံကို ကိုကိုကwall paperတင်ထားတာလေ 😁'

"ကိုကိုလည်းရှက်ပြီး စသလိုနဲ့ဖက်မိသွားတာ'

"ကျဲကျဲက သတင်းထွက်မယ်နော်ပြောမှ သတိရပြီးချက်ချင်း လက်ပြန်ရုတ်လိုက်တာ
စိတ်မဆိုးပါနဲ့ ကလေးလေးရိပေါ်ရာ ကိုကို့မှာ ကလေးတစ်ယောက်ထဲရှိတာပါ'

"ဒီကောကော စကားတတ်တိုင်းလျှောက်ပြောနေတယ် ပြီးတော့ ဒီအပြုံးကိုလူတိုင်းကိုမပြုံးပြနဲ့ ရိပေါ်မကြိုက်ဘူး 😒'

"ကလေးရယ် အလုပ်သဘောအရပါအားလုံးက
ကလေးစိတ်ဆိုးသွားရင် ကိုကိုတောင်ပန်ပါတယ်နော်'

အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပါသော ကိုကို (Unicode+Zawgyi) (Completed)Where stories live. Discover now