Zawgyi>>>
ရှောင်းကျန့် ရှေ့ကပေါက်စီလုံးလေးကို စိတ်ရှိတိုင်းသာကိုင်ဆောင့်ရရင် အရိုးတောင်ရှာလို့တွေ့မှာမဟုတ်၊ ဗိုက်ဆာတယ်ဆိုလို နီးရာခေါက်ဆွဲဆိုင်ထဲ အမြန်ပြေးပြီးဝယ်ကျွေးတော့လည်း ကိုယ်တော်လေးကမစားချင်သလို တို့ထိတို့ထိလုပ်နေသည်၊ ခုနကဗိုက်ဆာလို့ သေမလိုငိုနေခဲ့တာသူမဟုတ်တဲ့အတိုင်း
"ခေါက်ဆွဲမကြိုက်ဘူးလား"
"ဟင်"
ကောင်လေးက သူ့ရှေ့ကပန်းကန်ကို ထူးဆန်သလိုပြန်ကြည့်ကာ
"ခေါက်ဆွဲ? ဘာကြီးလဲ"
"မင်းရှေ့ကဟာက ခေါက်ဆွဲပေါ့
မစားဖူးဘူးလား"မျက်စိရှေ့က ခေါင်းလေးတခါခါနှင့် အူလည်လည်ကောင်လေးကိုကြည့်ရင်း အားမလိုအားမရကိုင်သာဆောင့်ပစ်လိုက်ချင်သည်
"မစားဖူးရင်လည်းစားကြည့် စားကောင်းတယ်"
ရှောင်းကျန့်သူ့ခေါက်ဆွဲသာ သူငုံ့စားနေလိုက်သည်
"ခင်ဗျားကဘာကြီးလဲ"
အဟွတ်...အဟွတ်
ဘယ်လိုကြီးမေးလိုက်တာတုန်း"ဘာမျိုးနွယ်လဲ"
"ကျွတ်...ကျွတ်
မင်းကငယ်ပါသေးတယ် သနားစရာပဲ
အရင်ဆုံးတော့စားလိုက်ဦး ပြီးမှဆေးရုံလိုက်ပို့ပေးမယ်""ကျွန်တော်မေးတာကိုမဖြေရအောင် ခင်ဗျားကလေးစားမှုမရှိဘူးလား"
"ဒီမှာကလေး...ရုပ်ကလေးသနားကမားလေးနဲ့မို့ ဒီလောက်ထိကောင်းကောင်းဆက်ဆံပေးနေတာနော် ငါကမင်းထက်ဆယ်နှစ်လောက်ကြီးတယ် ဘာကိုလေးစားမှုတွေလာပြောနေတာလဲ"
"ကျွန်တော့ထက်ကြီးတယ်လား မဖြစ်နိုင်တာ
ကော(ge)ပြောတုန်းကတော့ ကျွန်တော့ထက်ကြီးတာ သူနဲ့ပါးပဲရှိတယ်တဲ့"သေလိုက်ပါတော့ရှောင်းကျန့်ရေ ဘယ်လိုမိသားစုလဲဟ
"ကျွန်တော်မျိုးက ရှောင်းကျန့်ပါသခင်လေးရေ
မျိုးနွယ်ကတော့ အသိပညာပြည့်ဝပြီးအထူးချွန်ဆုံးလူမျိုးနွယ်""ခင်းဗျားဆီက လူနံ့မှမရတာ"
"အနံ့ခံရအောင် မင်းကခွေး...
ဟင်း...ထားတော့ ထားတော့
စား ပြီးရင်လိုက်ပို့ပေးမယ်"