-7-

3.4K 314 12
                                    

Zawgyi>>>

ရှောင်းကျန့်တို့ရှေ့တွင်မြင်နေရသော အိမ်ငယ်လေးများဆီသို့လျှောက်သွားမိသည်။

"ရပ်!"

ရိပေါ်ကရုတ်တရက်ရပ်လိုက်ကာ တခုခုကိုစဉ်းစားနေဟန်ဖြင့်

"မသွားတော့တာကောင်းမယ်ထင်တယ်
တနေရာရာမှာပဲခနပုန်းပြီး ယွီယန်ကျဲတို့ကိုစောင့်ရအောင်"

"ဘာဖြစ်ပြန်တာလဲ"

"မသိဘူး ဒီအတိုင်းပဲ မသွားသင့်ဘူးထင်လို့"

ရှောင်းကျန့်လည်း ထိုအိမ်များသို့တချက်ပြန်လှည့်ကြည့်လိုက်ပြီး ရိပေါ်ခေါ်ရာနောက်ကြောင်းပြန်လှည့်လိုက်သည်။

သူတို့နှစ်ယောက်ထွက်သွားပြီးမကြာခင်တွင် ထိုအိမ်ငယ်များမှာ အဖြူရောင်မြူခိုးများနှင့်အတူ ပျောက်ဆုံးသွားပြီး သစ်ပင်များသာကျန်ခဲ့သည်။

>>>>>>>>

"အ"

လျှိရန် သွေးများစိမ့်ထွက်လာသော ပုခုံးအားဖိကိုင်လိုက်ရင်း

"နောက်ဆုတ်လိုက်တော့ ငါတို့မနိုင်နိုင်ဘူး"

ယွီယန် မျက်စိရှေ့မှ လူဟုယူဆ၍ရသော ထိုသတ္တဝါအားစိုက်ကြည့်လိုက်သည်၊ သေချာပေါက် လျှိုရန်ကသတ်လိုက်ပြီးသား အသက်ပြန်ရှင်လာစရာအကြောင်း လုံးဝမရှိ၊ နောက်ဆုံးဖြစ်နိုင်ခြေတစ်ခုသာရှိသည်၊ ၀ိဥာဉ်ရောင်းလိုက်ခြင်း

hunter များသည် မူလအစကတော့သာမာန်လူတစ်စုက vampire များအားနှိမ်နှင်းရန် ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းတစ်ခုသာသာဖြစ်သည်၊ ဒါပေမယ့် နှစ်ချို့နေသော လူမဟုတ်သည့်အရာများနှင့် သာမာန်လူများ၏စွမ်းအားမှာ အလွန်ကွားခြားသည်၊ နောက်ပိုင်းတွင် ထိုသူရဲကောင်းအမည်ခံအုပ်စုသည် နည်းလမ်းအသစ်ကိုရှာတွေ့ခဲ့သည်၊ ၄င်းမှာ နတ်ဆိုးဝိဥာဉ်များအား အသုံးပြုခြင်းဖြစ်သည်၊ မှော်အစီအရင်များကိုသုံးကာ နတ်ဆိုးဝိဥာဉ်များအား လက်နက်အတွင်းသို့ချိတ်ပိတ်၊စာချုပ်ချုပ်၊ အမိန့်ပေးခိုင်းစေ၍ရသည်၊ မိမိအသုံးပြုသော မှော်အစီအရင်နှင့် စိတ်ဝိဥာဉ်ပေါ်မူတည်ပြီး နတ်ဆိုးဝိဥာဉ်စွမ်းအားအနိမ့်အမြင့် အသုံးပြုရသည်၊

~My Baby Vampire~Where stories live. Discover now