zawgyi>>>>
ရစ်သိုင်းလာသောမြူများကြောင့်ပတ်ဝန်းကျင်ကိုသေချာမမြင်ရ၊ ရှောင်းကျန့်ရုတ်တရက်အေးစက်လာမှုကြောင့် လှုပ်ရှားမှုမလုပ်ပဲ ခနငြိမ်နေမိသည်၊
အချိန်တခုအကြာတွင် မူမမှန်သလိုခံစားလိုက်ရကာ"ရိပေါ်...၀မ်ရိပေါ်"
သူမည်မျှပင်အသံပြုပြု ပတ်ဝန်းကျင်းမှာအေးစက်တိတ်ဆိတ်နေမြဲ
"၀မ်ရိပေါ် မင်းရှိနေသေးလား
မင်း..."ရှောင်းကျန့်စကားမဆုံးခင် တိုက်ခတ်လာသောလေပြင်းတစ်ခုကြောင့် လက်ဖြင့်မျက်လုံးကိုကာလိုက်မိသည်။
ရှောင်းကျန့်ပတ်ဝန်းကျင်ကို ရှင်းလင်းစွာမြင်လိုက်ရသောအခါတွင် မအံ့သြဘဲမနေနိုင်တော့၊ ယခုသူရောက်နေသည့်နေရာမှာ မြူဖုံးနေသောတောအုပ်မဟုတ်ပဲ နန်းတော်တမျှခမ်းနားလှသောအခန်းကြီးထဲတွင်ဖြစ်သည်။ ဘေးတစ်ဖက်စီတွင် လူနှစ်ယောက်ဖက်၍ရသော ကျောက်စိမ်းရောင်တိုင်လုံးကြီးများရှိပြီး သူကအလယ်တွင်တစ်ယောက်တည်းရပ်နေသည်၊ သူ့ရှေ့တည့်တည့် လျှောက်လမ်းအဆုံးတွင် သူရပ်နေသောနေရာထက် အနည်းငယ်မြင့်သောစင်မြင့်တစ်ခုရှိပြီး စိမ်းပြာရောင်နှင့် နက်ပြာရောင်ရောယှက်ထားသော သလင်းကျောက်ကဲ့သို့ကြည်လင်နေသည် ပုလ္လင်တစ်ခုရှိသည်၊"လိုချင်စရာပဲမလား"
ရုတ်တရက်အေးစက်စက်အသံတစ်ခုကို ကြားလိုက်ရတာကြောင့် သူ့ဘေးပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်သော်လည်း တစ်စုံတစ်ယောက်မှရှိမနေ၊
"ဘယ်သူလဲ"
ပုလ္လင်ရှေ့တွင် အနက်ရောင်အငွေ့များဖြည်းဖြည်းချင်းရစ်သိုင်းလာကာ လူတစ်ယောက်ဖြစ်သွားသည်၊ မဟုတ်သေး၊ လူတစ်ယောက်သဏ္ဍာန်လို့ပြောရင် ပိုမှန်မည်၊ သူနှင့်ရွယ်တူလောက်ရှိမည့်အရွယ်အစားခန့်အထိ ထိုအငွေ့များကသိပ်သည်းသွားသည်။
"ငါ့ရဲ့ပုံစံက စိတ်ပျက်ဖို့ကောင်းတယ်မဟုတ်လား"
လက်ဟုယူဆရသော အနက်ရောင်အငွေ့တန်းနှစ်ခုကိုမြောက်လိုက်ရင်း စကားဆိုလာသည်၊
"ငါ့ကိုမအံ့သြဘူးပဲ"
"လေဆိပ်ကနေသနားလို့ကယ်ထားတဲ့ကလေးက vampire ငါ့ရဲ့အယ်ဒီတာကငါ့ကိုသတ်ဖို့လုပ်တဲ့ hunter
နောက်ဆုံးငါကပါ ဘာမှန်းမသိတဲ့သွေးနှောတဲ့ ဟက်...ငါကဘာတွေထပ်ပြီးအံ့သြနေရဦးမှာလဲ"