Zawgyi>>>
သုံးရက်။ ရှောင်းကျန့်ဒီအခန်းထဲမှာနေရတာ သုံးရက်ရှိပြီ၊
လွန်ခဲ့တဲ့သုံးရက်က အတိအကျဆိုလျှင် သူတို့ပြောနေကြသောခေါင်းဆောင်ပြန်ရောက်လာစဉ်တည်းက ဤအခန်းထဲကိုမည်သူမှဝင်မလာတော့၊ အချိန်မှန်စားစရာလာပို့သည့် အိမ်စေများနှင့် အိမ်တော်ထိန်းဟုယူဆရသည့်အသက်ကြီးကြီးအဖိုးကြီးမှလွဲ၍၊
ဤသုံးရက်အတွင်း ထိုအိမ်တော်ထိန်းအဖိုးကြီးက သူ့ကိုစာအုပ်အချို့ယူလာပေးသည်၊ သမိုင်းကြောင်းဆန်ဆန်စာအုပ်အချို့နှင့် ပစ္စည်အမျိုးအစားများစုံလင်စွာရေးထားသည့်စာအုပ်များပင်၊ထိုစာအုပ်များဖတ်ပြီးသိလိုက်ရတာက ကမ္ဘာပေါ်တွင်ယုတ္တိမဆန်လွန်းသောကိစ္စများစွာရှိသည်၊ သူစာအုပ်များထဲတွင်သာသိခဲ့ဖူးသည့် vampire များမှာလည်းတကယ်ရှိသည်၊ ယခုသူပက်သက်နေရသည့် vampire မျိုးနွယ်မှာ မျိုးဆက်များကိုနတ်ဘုရားတပါးလိုယုံကြည်ကြသည် မျိုးဆက်တစ်ဆက်ရှေ့ရောက်လေ ပိုအစွမ်းကြီးလေဖြစ်ကာ ယခုလက်ရှိခေါင်းဆောင်မှာ ပထမမျိုးဆက်တစ်ယောက်၊ တနည်းအားဖြင့် ယွီယန်၏အကိုဖြစ်သည်၊ ရှောင်းကျန့်အမေက zero ဟုခေါ်သည့်အလွန်ရှေးကျသောမျိုးဆက်တစ်ခုမှဖြစ်သောကြောင့် မျိုးဆက်အရဆိုသူကပထမမျိုးဆက်ဟုဆိုနိုင်သည်၊
ထူခြားပြ်ီးသွေးနှောဖြစ်နေတာလေးကတော့ ချွင်းချက်၊
vampire တစ်ဦးက အခြားမျိုးနွယ်တစ်ခုနှင့်ဆက်နွယ်လိုက်လျှင်သွေးနှောများဖြစ်လာသည် ပုံမှန်အားဖြင့်လူသားသွေးနှောများမှာ pure blood vampire ထက်အားနည်းကြသော်လည်း ရှောင်းကျန့်မှာတော့ထို vampire ထက်ပင်အင်အားကြီးမားနေသည်တဲ့၊ဟင်း~~~
ရှောင်းကျန့်ဖတ်လက်စစာအုပ်ကိုချလိုက်သည် ဤတစ်ကြိမ်နှင့်ဆိုသူဒီဟာကိုဖတ်နေတာ လေးကြိမ်မြောက်ပင်၊
"ငါ့ကိုတစ်သက်လုံးပဲဒီထဲမှာထားတော့မှာလား"
ကျွီ~~
ထိုစဉ်တံခါးပွင့်လာပြီး အနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ထားသော သူလေးယောက်အခန်းထဲဝင်လာသည်။
"ကျွန်တော်တို့နဲ့လိုက်ခဲ့ပေးရပါမယ်"
"ကျွန်တော်လား"
