zawgyi>>>
"ရှောင်းကျန့် ငါဒီမှာ"
ရှောင်းကျန့်သူ့လက်ထဲတွင်ပါလာသော စာရွက်စာတမ်း file ကြီးကို တဦးတည်းတည်းသော သူငယ်ချင်း ကျန်းချန်လက်ထဲသို့ထည့်ပေးလိုက်သည်။
"ဒီလောက်အရေးကြီးတဲ့ဟာကို မေ့ကျန်ခဲ့ရအောင် ဘယ်ကမရှိတဲ့ ရည်းစားဆီစိတ်ရောက်နေလို့လဲ"
"ရည်းစားကရှိတော့မှာ ရည်းစားတောင်မဟုတ်ဘူး ငါ US ကပြန်လာတာနဲ့ တခါတည်းလက်ထက်မယ့်သူပါဆိုပြီး မင်းရှေ့ကို ဆွဲလာပြမယ်ကြည့်နေ"
~ေ-ာက်ပိုတွေကပြောနေပြန်ပါပြီ ပြောလိုက်မိရင်လည်း လေကြောရှည်ပြီး အလုပ်ပါပြုတ်နေတော့မယ်~
"အေးပါ အေးပါ သွားတော့ ဟိုမှာ ရွှမ်လုကျဲ စောင့်နေပြီ"
မလှမ်းမကမ်းမှ ရွှမ်လုကျဲလည်း အသစ်ကျွတ်ချွတ်သူ့ရည်းစားလေးနှင့် အလွမ်းသယ်ပြီးပြီပုံရသည် သူတို့ထံရောက်လာကာ ရှောင်းကျန့် ခေါင်းကိုခပ်ဖွဖွပုတ်လိုက်ပြီး
"အားကျန့် မမတို့သွားတော့မယ် တစ်ယောက်တည်းဆိုပြီး
ဖြစ်သလိုနေမနေနဲ့ဦးနော် ထမင်းချက်ရမှာပျင်းလို့ဆိုပြီး fast food တွေပဲဝယ်မစားနဲ့ ဟင်းတို့ဘာတို့ဆိုလည်း microwave ထဲသေချာပြန်ထည့်ပြီးမှစား အ၀တ်တွေကိုလည်း ၀တ်စရာရှိသေးတာပဲဆိုပြီး မလျှော်ပဲစုမထားနဲ့နော် မိုးတွင်းဆိုတော့အနံ့ထွက်လာလိမ့်မယ် ပြီးတော့..""တော်ပါတော့ကျဲရယ် ခရီးကတစ်လလောက်ပဲကြာမှာကို
ဒီကောင်ကလည်း အသက်က 30 ပဲဖြစ်နေပြီ သူ့ဟာသူတော့ မသေအောင်နေတတ်ပါတယ်""ဘာကို 30 လဲ 28 ပဲရှိသေးတာကို"
"အားကျန့် ကျဲတို့ US သွားရင်းတလက်စတည်း ပါးကိုပြောပြီး ကြင်ဖက်ရှာပေးရမလား အားကျန့်လည်း လက်ထပ်သင့်တဲ့အရွယ်ရောက်နေပြီလေ ဘယ်ချိန်ထိတစ်ယောက်တည်း နေနေမှာလဲ"
"အာ ကျဲကလည်း ကျွန်တော်ကငယ်ပါသေးတယ်
ကျန်းချန်နဲ့ယှဉ်ရင် ပိုတောင်စွံသေးတယ် ရှာမယ့်ရှာသူ့အရင်ရှာပေးရမှာ""ငါ့ဘက်ကို မြှားဦးလှည့်မလာနဲ့နော်
သွားမယ် အားကျဲ လေယာဉ်ချိန်နီးနေပြီ သူ့ကိုထားခဲ့လိုက်တော့"
