Zawgyi>>>>>
ရှောင်းကျန့်လမ်းလျှောက်နေရင် ထူးထူးဆန်းဆန်းခရာသံကြောင့် ခြေလှမ်းများတန့်သွားမိသည်။ ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲတွင်လည်း အသံများဆူညံလာသည်
"မကြောက်နဲ့နော် အားကျန့်
မေမေကာကွယ်ပေးမယ်""မိစ္ဆာမျိုးဆက်ကို မျိုးနွယ်ထဲဆွဲသွင်းရအောင်
မင်းရူးနေလားကျူးယွမ်""အကုန်လုံးကအသက်ရှင်ဖို့ကြိုးစားကြတာချည်ပဲ
အမျိုးအစားလိုက်ခွဲနေရအောင် ရှင်တို့ကရော အပြစ်ကင်းနေလို့လား""အားကျန့် ဒီနေ့ကစပြီး ဦးလေးကျန်းဆီမှာ ကောင်းကောင်းနေရမယ်နော်"
တရစပ်ဆူညံလာသောစကားသံများနှင့် ထိုးကိုက်လာသောခေါင်းကြောင့် ဒူးများပါမခိုင်ချင်တော့၊ ရင်ဘက်ကိုတစ်ခုခုကဆွဲညှစ်ထားသလိုနာကျင်နေပြီး အသက်ရှူပါမ၀ချင်ဖြစ်လာတာကြောင့် ရင်ဘက်မှအကျီ င်္စကိုသာတင်းတင်းဆွဲထားမိသည်။
"ရှောင်းကျန့်! ရှောင်းကျန့်!!"
အေးစက်စက်လက်တစ်စုံက သူ့ပုခုံးကိုခက်ဆတ်ဆတ်လာထိမှ အိမ်မက်မှလန့်နိုးလာသူလို ခုနခံစားချက်များမရှိတော့၊
"ဒီမှာနားနေလို့မရဘူး ဆက်သွားရမယ်"
သူခေါင်းတစ်ချက်ညိမ့်ပြရုံကလွဲ၍ မတတ်နိုင်ခဲ့။
>>>>>
ရှောင်းကျန့်ကိုခေါ်လာသည့်နေရာမှာ သူနေခဲ့သောအဆောက်အဦး၏ အနောက်ဘက်ခြံဝင်းဖြစ်ပုံရသည်၊ အရှေ့မှစံအိမ်နှင့်ယှဉ်လျင် ဤနေရာမှာ မြို့ဟောင်းပျက်ငယ်တစ်ခုနှင့်တောင် အတော်ဆင်နေသည်၊ အုတ်ကျိုးအပိုင်းအစတချို့ရှိကာ အလယ်နေရာလောက်တွင် ခါးလယ်လောက်အမြင့်ရှိ စတုရန်းပုံသဏ္ဍန် အုတ်စင်မြင့်တစ်ခုရှိသည်၊ သူ့ခြေထောက်အောက်တွင်အတိရိတ်ထားသော မြက်ပုစိလေးများနှင့် red spider lily ပန်းအချို့ပေါက်နေသည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
