This is a rated chapter. So, kids don't read this.
ရှန်ချင်းချိုးမှာ လော့ပင်းဟယ်၏ စားမတတ်ဝါးမတတ်ကြည့်နေသော အကြည့်တွေကြောင့် သွေးတက်ချင်လာသည်။
ဒါက ငါ့ကို သပ်သပ် လုပ်ကြံတာ
သူ့ခမျာ တွေးလို့မှ မဆုံးသေး။ လော့ပင်းဟယ်၏ ဆွဲဖက်ခြင်းကိုခံလိုက်ရသည်။ သူ၏ လက်များက ရှန်ချင်းချိုး၏ ကျောပြင်ကို အနှံ့အလျား ပွတ်သပ်နေသည်။
"ရှစ်စွမ်း ၊ တကယ်ပိန်သွားတာ ကျွန်တော်မညာဘူး''
မင်းကြီးတော်ကြီးပဲ ပိန်လေ၊FUCK!!!
ရှန်ချင်းချိုးမှာ မျက်နှာရှုံ့မဲ့ပြီး အတင်းရုန်းကန်နေသော်လည်း သူ့ထက် အဆများစွာ ခွန်အားကြီးသော နတ်ဆိုးဘုရင်ကြီးကို အဘယ်မှာ ယှဉ်နိုင်ပါမည်နည်း။
ဇာတ်ဆောင်ကြီး ပြုသမျှ နုရတော့မည့် ဘဝပါပေ
လော့ပင်းဟယ်က ဝင်းမွတ်နေသော ရှန်ချင်းချိုး၏ လည်တိုင်ကို နှုတ်ခမ်းတွေနဲ့ သပ်ပြီး ကိုက်နေခဲ့သည်။
ထိုသို့ ပြုမူခံရလိုက်ရသည့်အခါ ရှန်ချင်းချိူးမှာ လန့်သွားသည်။
ဒါကသူ့အိပ်ဆောင်လေ၊ ချင်ကျင့်တောင်က တပည့်တွေရော အနီးအနားမှာနေကြတာ
"ပင်းဟယ်၊ ဒီမှာလား''
ရှန်ချင်းချိုးခမျာ မျက်နှာငယ်လေးနှင့် အသနားခံသည့်ပုံပါ ပေါက်လာသည်။
"ဒီမှာထက် တောင်အောက်ကိုသွားပြီး အခန်းတစ်ခန်းခန်းငှါးတာအဆင်မပြေဘူးလားဟင်''
ရှန်ချင်းချိုး ကန့်ကွက်သော်လည်း လော့ပင်းဟယ်က တစ်ခွန်းတည်း ပြတ်ပြတ်သားသားပြောလိုက်သည်။
"ကျွန်တော်တို့ ဒီမှာပဲနေမယ်၊ အခုဝါးရုံတောက ရှစ်စွမ်းအဆောင်မှာပဲ''
FUCK!!!
လော့ပင်းဟယ်၏ အသံက တိကျပြီး ပြတ်သားသည်။
သူ့အတွက်တော့ ရှန်ချင်းချိုး၏ ဝါးရုံတောက အိပ်ဆောင်သည် ထူးခြားသောနေရာဖြစ်သည်။ ထိုကြောင့်လည်း သူက ဤနေရာကို ရွေးချယ်ရန် အလွန်အမင်း ဆန္ဒရှိနေခြင်း ဖြစ်လိမ့်မည်။
![](https://img.wattpad.com/cover/203904902-288-k763029.jpg)
YOU ARE READING
Scum Villain's Self Saving System's Fan Fic [Complete]
FanfictionParallel Universe တစ်ခုမှာ ရှန်ချင်းချိုးနဲ့ လော့ပင်းဟယ်က တကယ်တည်ရှိနေမယ်လို့ကိုယ်ယုံကြည်တယ်။ ကိုယ်ယုံကြည်တဲ့ အတိုင်း ခံစားပြီးရေးထားသော Fan fiction သက်သက်သာဖြစ်ပါတယ်။