ရှန်ချင်းချိုးကို အားရအောင် နမ်းပြီးမှ လွှတ်ပေးလိုက်ပြီး လော့ပင်းဟယ်က သူမှာစရာရှိသည်ကို မှာသည်။
"ရှစ်စွမ်း. . .ဂရုစိုက်နော်၊ အစားအသောက်ရော အိပ်ချိန်မှန်လည်းအိပ်''
"အင်းပါ''
ရှန်ချင်းချိုး ခေါင်းသာ ညိတ်မိသည်။
စိတ်ထဲတွင်တော့-
သူက ဆရာလား၊ ပင်းဟယ်က ဆရာလားဟု တွေးနေသည်။
လော့ပင်းဟယ်သည် ၎င်းထွက်မသွားမီ ရှန်ချင်းချိုးကို ကိုယ်လက်သန့်စင်ပေးပြီး အဝတ်အစား လဲပေးသွားသေးသည်။ ဟွမ်ဟွားနန်းတော်မှာနေရင် ထိုသည်က နေ့တိုင်း လော့ပင်းဟယ်လုပ်ပေးနေကျ အမှုကိစ္စ ဖြစ်သောကြောင့် ငြိမ်၍ နေလိုက်သည်။
လော့ပင်းဟယ်ထွက်သွားတော့မှ ရှန်ချင်းချိုးခမျာ မနက်စာစားရတော့သည်။ မနက်စာစားပြီးနောက် အိပ်ဆောင်ကထွက်ပြီး ရှန်ချင်းချိုးက ချင်ကျင့်တောင်ကို ပတ်ပြီးလျှောက်ကြည့်နေလေသည်။
ချင်ကျင့်တောင်မှာ ချန်ချုံးဂိုဏ်း၏ တောင်စဉ်ဆယ့်နှစ်သွယ်တွင် တစ်ခုအပါအဝင်ဖြစ်သည်။ စာပေပညာကို အဓိကထားသင်ကြားသော တောင်တော်ဖြစ်သည်။
တိတ်ဆိတ်ပြီး သစ်ရ်ပ်ဝါးရိပ်များနှင့် သာယာသော ပတ်ဝန်းကျင် ဖြစ်သောကြောင့် စာပေသင်ယူလိုသော လူငယ်များအတွက် အသင့်တော်ဆုံးနေရာဖြစ်သည်။
အနီးဝန်းကျင်တွင်လည်း ကဗျာရွတ်သံ ဗျပ်စောင်းသံတို့ဖြင့် အမှန်တကယ်ကို သာယာနာပျော်ဖွယ် ရပ်ဝန်း ဖြစ်သည်။
အားကိုးရသော တပည့်ကြီးများက ချင်ကျင့်တောင်ရဲ့ ကိစ္စအဝဝကို လစ်ဟင်းမှုမရှိအောင်စီမံထားလေသည်။ ထိုကြောင့် ချင်ကျင့်တောင်မှာ တောင်သခင်ရှန်ချင်းချိုးမရှိသော်လည်း ကောင်းမွန်စွာ လည်ပတ်နေလေသည်။ အခြေအနေအရပ်ရပ်ကို ကြည့်ရှုပြီးတော့ ရှန်ချင်းချိုးက ကောက်ချက်ချမိလိုက်သည်။
"ငါရှိနေရင်တောင် သောက်ပျင်းကြီးနေတာနဲ့ တောင်တော်က ဒီလိုဖြစ်နေမှာမဟုတ်ဘူး''
ရှန်ချင်းချိုးသည် လုပ်စရာ မရှိသည့်အဆုံး ချင်ကျင့်တောင်မှာ လမ်းလျှောက်နေလေသည်။
![](https://img.wattpad.com/cover/203904902-288-k763029.jpg)
ESTÁS LEYENDO
Scum Villain's Self Saving System's Fan Fic [Complete]
FanficParallel Universe တစ်ခုမှာ ရှန်ချင်းချိုးနဲ့ လော့ပင်းဟယ်က တကယ်တည်ရှိနေမယ်လို့ကိုယ်ယုံကြည်တယ်။ ကိုယ်ယုံကြည်တဲ့ အတိုင်း ခံစားပြီးရေးထားသော Fan fiction သက်သက်သာဖြစ်ပါတယ်။