Chapter 1(Unicode)

39.8K 1.9K 119
                                    

"FUCK''

မနက်စောစောစီးစီး ကြားလိုက်ရသည့် system ၏ ငှက်ဆိုးထိုးသံကြောင့် အိပ်ရာမှ နိုးသွားသော ရှန်ချင်းချိုး ကျိန်ဆဲမိသွားပြီ။

{Congratulations ပါ။ Heart breaking point 500 ရရှိပါတယ်။}

"ငါအိပ်နေတာမမြင်ဘူးလား အားယားနေလို့ ထအော်နေတာလား''

". . . .''

{system speechless သွားသည်။}

"ငါဖာသာ အိပ်နေတာ ဘယ်သူ့ အသဲခွဲနေလို့လဲ''

ရှန်ချင်းချိုး အားရအောင်ပြောလိုက်ရသောကြောင့် မျက်စိပြူးသွားသည်။

အိပ်ရာကနိုးစမို့လို့ ဦးနှောက်က အပြည့်အဝ အလုပ်မလုပ်သေး။ ( ဆဲတော့ဆဲနိုင်သေးသည်။)

ရှန်ချင်းချိူး အိပ်ချင်မူးတူးနဲ့ system ကို ရန်တွေ့လိုက်ပြီးမှ အခြေအနေကိုသဘောပေါက်သည်။ သူက တခြားဘယ်သူ့ သောက်အသည်းမှ ခွဲစရာမရှိပါ။

သူ့ကို မောင်းမ ၆၀၀ နှင့်လဲပြီး ရှစ်စွမ်းကိုသာ အချစ်တွေ ပုံထားသည် ဆိုသော ဇာတ်ဆောင်ကြီး လော့ပင်းဟယ်အသည်းကွဲနေခြင်းသာဖြစ်သည်။

သကောင့်သားက မနက် စောစောစီးစီးနိုးလာပြီး ရှန်ချင်းချိုးကို သတိရနေသောကြောင့် system ကအသံမြည်လာခြင်းဖြစ်မည်။

လွန်ခဲ့သော သုံးရက်က ရှန်ချင်းချိုးမှာ မိမိတောင်တော်နှင့် ပစ်ထားခဲ့ရသော တပည့်များကို သတိရသောကြောင့် တစ်ပတ်လောက် အလည်ပြန်မည်ဆိုပြီး ချင်ကျင့်တောင်တော်ကို ရောက်နေခြင်းဖြစ်သည်။

မောင်းမင်းကြီးသားက လိုက်မည်တကဲကဲ လုပ်နေသောကြောင့် မနည်းကြိမ်းမောင်းထားရသည်။

ဟုတ်တယ်လေ။ ရှန်ချင်းချိုး ဘယ်လောက်ပဲ သောက်ခွက်ပြောင်ပြောင် အတူနေတပည့်ကို (အဟမ်း) တောင်တော်က မိမိ အိပ်ဆောင်ထိ ခေါ်လာရအောင် သောက်ခွက်မပြောင်ပါ။

နတ်ဆိုးလောကနှင့် လူ့လောကမှာ ငြိမ်းချမ်းရေးယူပြီး အေးချမ်းနေပေမဲ့ တောင်တော်က သူ့တပည့်များကတော့ ရှစ်စွမ်းကို အပိုင်သိမ်းသွားသော လော့ပင်းဟယ်ကို နည်းနည်းမှ မကြည်လင်။

Scum Villain's Self Saving System's Fan Fic [Complete]Donde viven las historias. Descúbrelo ahora