ရှန်ချင်းချိုး အားအင်ကုန်ခန်းမတတ်ဖြစ်နေသောကြောင့် လော့ပင်းဟယ်က သူ့ကိုရင်ခွင်ထဲ ထည့်ပြီး ဖက်ထားလေသည်။
ပုံမှန်ဆို ဒီလို ပွတ်သီးပွတ်သပ်အနေအထားမျိုးကို ရှန်ချင်းချိုးက အတင်းရုန်းကန်နေမည်ဖြစ်သည်။
သို့သော် သူ့မှာ ရုန်းကန်ဖို့ မပြောနှင့် အသက်တောင် မှန်အောင် ရှုနေရသည်မို့လို့ အားမတန် မာန်လျှော့ကာ ဇာတ်ဆောင်ကြီး၏ ရင်ခွင်မှာ မျက်နှာအပ်ထားပြီး အပွတ်သပ်ခံနေရသည်။
"ရှစ်စွမ်း. . .''
လော့ပင်းဟယ်က တိုးတိုးလေး ခေါ်လိုက်သည်။ ရှန်ချင်းချိုး ဆီက တုံ့ပြန်သံမကြားရ။
"ရှစ်စွမ်း. . .''
လော့ပင်းဟယ်နောက်တစ်ကြိမ်ခေါ်ဖို့ ကြိုးစားတော့ ရှန်ချင်းချိုးမှာ မျက်လုံးများမှိတ်ပြီး အသက်မှန်မှန်ရှုနေလေသည်။ ရှန်ချင်ချိုးပြန်အိပ်ပျော်သွားခြင်း ဖြစ်သည်။
လော့ပင်းဟယ်က ဆက်မခေါ်တော့ပဲ ရှန်ချင်းချိုး ကိုယ်ဟန်ကို သက်တောင့်သက်သာ ဖြစ်အောင် ပြုပြင်ပေးလိုက်ပြီး မဟူရာရောင် နက်မှောင်ရှည်လျားပြီး ပျော့စင်းနေသော ဆံနွယ်များကို အသာအယာ လက်ချောင်းများဖြင့် ဖြီးပေးနေလေသည်။
ရှန်ချင်းချိုးမှာ အမြဲတမ်း မျက်နှာထားကို တင်းထားတတ်ပြီး သူ၏ ခန္ဓာကိုယ်က သာမန်လူ အနားမကပ်ရဲလောက်သော အရှိန်အဝါကြီးသည့် အငွေ့အသက်တစ်မျိုးရှိနေတတ်သည်။ သို့သော် အိပ်ပျော်နေသော ရှန်ချင်းချိုးမျက်နှာကမူ မတင်းမာသလို အရှိန်အဝါကြီးသည့် အငွေ့အသက်တို့ လည်း ရှိမနေပေ။ ပကတိအေးချမ်းပြီး အပူအပင် မရှိသည့်သူတစ်ယောက်ပုံစံမျိုးဖြစ်သည်။
လော့ပင်းဟယ်မှာ ထိုသည်ကပဲ ရှန်ချင်းချိုး၏ သွင်ပြင် အစစ်အမှန်လို့ ခံစားမိနေသည်။ သူတုပ်တုပ်မှ မလှုပ်ဘဲ ရှန်ချင်းချိုး၏ အေးချမ်းသော မျက်နှာကိုသာ ငေးကြည့်နေမိသည်။
ဤသည်က ရှန်ချင်းချိုးနှင့် အတူ ရှိနေသည့် အိပ်ချိန်တော်တော်များများမှာ သူ လုပ်လေ့ရှိသော အပြုအမူဖြစ်သည်။
![](https://img.wattpad.com/cover/203904902-288-k763029.jpg)
ESTÁS LEYENDO
Scum Villain's Self Saving System's Fan Fic [Complete]
FanficParallel Universe တစ်ခုမှာ ရှန်ချင်းချိုးနဲ့ လော့ပင်းဟယ်က တကယ်တည်ရှိနေမယ်လို့ကိုယ်ယုံကြည်တယ်။ ကိုယ်ယုံကြည်တဲ့ အတိုင်း ခံစားပြီးရေးထားသော Fan fiction သက်သက်သာဖြစ်ပါတယ်။