ရှန်ချင်ချိုးမှာ လော့ပင်းဟယ်၏ အသားယူမှုကို သည်းခံရင်း system ကိုသာ စကားလှမ်းပြောသည်။
system အခုလို ဒင်းကငါ့ကို ပွတ်သပ်နေတာကျတော့ရော Coolness points လေးဘာလေးမပေးတော့ဘူးလား။
{ဝမ်းနည်းပါတယ် ဇာတ်ဆောင်နဲ့ ရှန်ချင်းချိုးရဲ့ ပတ်သက်မှုက အနေအထားတစ်ခုကို ရောက်သွားတဲ့အတွက် ဒီလောက်နဲ့ coolness point မပေးတော့ပါဘူး}
သောက်ကျိုးနည်း ယုတ်မာတဲ့ system!!! Coolness point ရအောင် ငါကဘယ်အထိ အပွတ်ခံနေရမှာလဲ။
(နောက်ကျောပြောတာပါ)
လော့ပင်းဟယ်ကတော့ ရှန်ချင်းချိုးရှုံ့ခွက်နေတာကို သတိမထားမိဘဲ မျက်နှာကိုပင် ဆွဲမော့လိုက်သည်။
"ရှစ်စွမ်း. . .ဒီမှာ ကောင်းကောင်းရောစားရလား မျက်နှာတောင် ချောင်ကျနေသလိုပဲ''
"အင်း''
ရှန်ချင်းချိုး ဝိုးတဝါးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
တကယ်က သူ ဒီတောင်ကို ရောက်သည့် နှစ်ရက်အတွင်း ဘာကိုမှ ကောင်းကောင်းမစားရသေး။ သူ၏ တပည့်များက အကုန်ချက်ကျွေးသော်လည်း အရသာမှာ ပေါ့ရွှတ်ရွတ်နှင့် တစ်ခုခု လိုနေသလို ခံစားနေရသည်။ ထို့ကြောင့် အစားသိပ်မစားဖြစ်။
လော့ပင်းဟယ်၏ ဟွမ်ဟွား နန်းတော်မှာတော့ မနက်မိုးလင်းလျှင် သူ့အတွက် မနက်စာကို လော့ပင်းဟယ်ကိုယ်တိုင်ချက်ပြုတ်ပေးသည်။ နေ့လယ်စာ၊ ညနေစာလည်း သူပူစာသမျှ မငြီးမငြူချက်ကျွေးသည်။
တစ်ခုပါပဲ။ လော့ပင်းဟယ် နှင့် နေလျှင် အစားကောင်းစားရပေမယ့် ညဘက်တွေ အိပ်ရေးပျက်သည်။
ချင်ကျင့်တောင်မှာ အစားအသောက်အဆင်မပြေလည်း ကောင်းကောင်းအိပ်နိုင်သည်။ ကြာတော့ ရှန်ချင်းချိုးမှာ သူ့ကိုယ်သူ ချင်ကျင့်တောင်က တပည့်တွေကို လာတွေ့သည်လား လာ အိပ်နေသည်လားပင် မသဲကွဲချေ။
လော့ပင်းဟယ် မျက်နှာက ရှန်ချင်းချိုး၏ အနားကပ်လာသည်။ လွန်စွာနီးကပ်နေသောကြောင့် နှုတ်ခမ်းများပင် ထိလုမတတ်။
ရှန်ချင်းချိုးရဲ့ နှုတ်ခမ်းလွှာမှာ နီရဲပြီး မှည့်နေသော ချယ်ရီသီးလေးလို ကိုက်ချင်စရာကောင်းလှသည်။
![](https://img.wattpad.com/cover/203904902-288-k763029.jpg)
CITEȘTI
Scum Villain's Self Saving System's Fan Fic [Complete]
FanfictionParallel Universe တစ်ခုမှာ ရှန်ချင်းချိုးနဲ့ လော့ပင်းဟယ်က တကယ်တည်ရှိနေမယ်လို့ကိုယ်ယုံကြည်တယ်။ ကိုယ်ယုံကြည်တဲ့ အတိုင်း ခံစားပြီးရေးထားသော Fan fiction သက်သက်သာဖြစ်ပါတယ်။