လော့ပင်းဟယ်သည် အတင်းလာဖက်နေသော ရှန်ချင်းချိုးကို အသာပင် ပြန်၍ ဖက်လိုက်သည်။
ရှန်ချင်းချိုးမှာ စားစရာယူလာသော မျက်နှာနှင့် ဇာတ်ဆောင်ကြီးကို ကပ်ဖားယပ်ဖားလုပ်ပြီးမှ သူ့မှာအပေါ်အင်္ကျီ ဝတ်မသည်မှန်း သတိရသည်။
ကိုယ်သေတွင်း ကိုယ်တူးသည် ဆိုသည်မှာ ရှန်ချင်းချိုးအတွက် ထားခဲ့သော စကားပုံဖြစ်လိမ့်မည်။
FUCK
လော့ပင်းဟယ်သည် အခွင့်အရေးကို အပြည့်အဝ အသုံးချပြီး ရှန်ချင်းချိုး၏ ကျောပြင်ကို အတားအဆီးမရှိပွတ်သပ်နေလေသည်။
သူ၏ နှုတ်ခမ်းကလည်း အငြိမ်မနေ။ ဝင်းဝါနေသော ရှန်ချင်းချိုး၏ ပခုံးသားများကို တစ်တိချင်း ကိုက်နေလေသည်။
ရှန်ချင်းချိုးခမျာ မရုန်းသာ။ လော့ပင်းဟယ် ရင်ခွင်ထဲမှာ ပြုသမျှနုရတော့သည်။
လော့ပင်းဟယ်က ပခုံးသားများကို ကိုက်နေရာမှ ဦးတည်ရာပြောင်းပြီး ရှန်ချင်းချိုး၏ နီရဲနေသော နားရွက်တွေကိုပါ ရန်ရှာလာသည်။ စိုစွတ်သောနှုတ်ခမ်းတို့က နူးညံ့သော နားရွက်ဖျားလေးကို လာ၍ ထိခတ်သည်။
"အား. . .''
သွားအချွန်ဖြင့် အတင်းအကျပ် ကိုက်ဖိခံလိုက်ရတော့ ရှန်ချင်းချိုးမှာ စိတ်မထိန်းနိုင်။ အော်မိသွားသည်။ သာယာမှုကြောင့်တော့မဟုတ်။ နာသောကြောင့်ဖြစ်သည်။
သူအော်လိုက်မှ လော့ပင်းဟယ်က ရပ်သွားသည်။
"ရှစ်စွမ်းနာသွားလားဟင်''
ဟင့်အင်း၊ ပျင်းလို့ အော်တာ။
ရှန်ချင်းချိုး၏ မျက်နှာမှာ ပြိုတော့မည့်မိုးလို မဲမှောင်နေသောကြောင့် လော့ပင်းဟယ် နေစရာမရှိ ဖြစ်သွားသည်။ သူကိုက်ထားသည့် နေရာမှာလည်း နီရဲလို့ နေသည်။
"ရှစ်စွမ်း နာသွားလားဟင် နာသွားရင် တပည့်ကို ပြန်ကိုက်''
ပြောရင်း လော့ပင်းဟယ်က သူ၏ နားရွက်ကို ရှေ့တိုးပေးသည်။ ရှန်ချင်းချိုးမှာတော့ ငိုအားထက်သန်ရယ်အားထက်သန်ဖြစ်နေသည်။
![](https://img.wattpad.com/cover/203904902-288-k763029.jpg)
VOCÊ ESTÁ LENDO
Scum Villain's Self Saving System's Fan Fic [Complete]
FanficParallel Universe တစ်ခုမှာ ရှန်ချင်းချိုးနဲ့ လော့ပင်းဟယ်က တကယ်တည်ရှိနေမယ်လို့ကိုယ်ယုံကြည်တယ်။ ကိုယ်ယုံကြည်တဲ့ အတိုင်း ခံစားပြီးရေးထားသော Fan fiction သက်သက်သာဖြစ်ပါတယ်။