လျှိုချင်းကောက မိမိပြောချင်ရာကို ပြောလိုက်ရသည့်အတွက် အလွန်တရာ စိတ်ချမ်းသာသော မျက်နှာထားဖြင့် လက်ဖက်ရည်ကြမ်းကို တဖူးဖူးမှုတ်၍ သောက်နေလေသည်။
ရှန်ချင်ချိုးသာ နဂါးဆိုလျှင် လျှိုချင်းကောမှာ ပြာပုံ ဖြစ်သွားလောက်ပြီ။ သူက မကျေမနပ်နှင့် ယပ်တောင်ကိုသာ တဖျပ်ဖျပ်ခတ်နေသည်။
အတန်ကြာမှ လျှိုချင်းကောက စကားစ၍ ပြောလေသည်။
"မင်း တပည့် လိမ္မာတုံးလေးက မင်းကို ကောင်းကောင်း ဂရုစိုက်လား''
ရှန်ချင်းချိုးက လျှိုချင်းကော စေတနာဖြင့် မေးကြောင်း သိသော်လည်း လိုသည်ထက် ပို၍ ရွဲ့ဖြေလိုက်လေသည်။
"အင်း၊ လိုလေသေးမရှိအောင် ဂရုစိုက်တယ် အစားအသောက်ဆိုလည်း ငါစားချင်တာ ချက်ကျွေးတယ်၊ မင်းမြင်တဲ့အတိုင်းပဲလေ မုန့်တွေဆိုတာအများကြီး၊ ငါ့ဝေယျာဝစ္စတွေလည်း လုပ်ပေးတယ်''
လျှိုချင်းကောက ရှန်ချင်းချိုး ကြွားသမျှကို အဆုံးထိ နားထောင်ပြီး ပျင်းတီးပျင်းရွဲအသံဖြင့် မှတ်ချက်ချလိုက်သည်။
"ညတော့ မအိပ်ရဘူးမလား''
FUCK!!!
ရှန်ချင်းချိုး မျက်နှာမှာ ပြိုတော့မည့်မိုးလို မည်းမှောင်သွားသည်။
ဒီကိစ္စက အနာပေါ်တုတ်ကျရုံမဟုတ်။ တုတ်ကျထားသော အနာပေါ် ဆားလာသိပ်ခြင်းဖြစ်သည်။
သူ နောင်တအကြီးအကျယ်ရနေသည်။ လျှိုချင်းကောသာ သူ့ထက်သောက်ခွက်ပြောင်ပြီး ရွဲ့တတ်မှန်းသိရင် ရန်သွားစမည်မဟုတ်ပါ။
ယခုတော့-
လျှိုချင်းကော ဆက်ပြောသော စကားကို ကြားတော့ ရှန်ချင်ချိုးမှာ သွေးပွက်ပွက်အန်ချင်စိတ်ပေါက်သွားသည်။
"အေးလေ၊ မင်းရဲ့အလောင်းကိုတောင် ငါးနှစ်လောက် ဖက်တွယ်လာတာပဲ၊ သက်ရှိခန္ဓာကိုယ်ကတော့ ပြောမနေနဲ့တော့''
ရှန်ချင်းချိုး ဒေါသထွက်ပြီး အော်လိုက်သည်။
"လျှိုချင်းကော. . .''
![](https://img.wattpad.com/cover/203904902-288-k763029.jpg)
ESTÁS LEYENDO
Scum Villain's Self Saving System's Fan Fic [Complete]
FanficParallel Universe တစ်ခုမှာ ရှန်ချင်းချိုးနဲ့ လော့ပင်းဟယ်က တကယ်တည်ရှိနေမယ်လို့ကိုယ်ယုံကြည်တယ်။ ကိုယ်ယုံကြည်တဲ့ အတိုင်း ခံစားပြီးရေးထားသော Fan fiction သက်သက်သာဖြစ်ပါတယ်။