ရှန်ချင်းချိုးသည် နန်းရင်း ပို့ထားခဲ့သော ဆန်ပြုတ်ကို အနည်းငယ်သာ စားပြီး ညနေစာလည်း လုံးလုံးမစားချေ။ ညဘက်၌မူ အစောကြီး အိပ်သွားလေသည်။
သည်လိုနှင့် နောက်တစ်ရက် မနက်ရောက်လာချိန် ရှန်ချင်းချိုး အိပ်ရာမှ နိုးထလာတော့ အလွန် သင်းပျံ့သော စွပ်ပြုတ်ရနံ့သည် နှာသီးဝကို ဖြတ်ကျော်၍ ရောက်လာသည်။ ထို ရနံ့ကြောင့် သူနိုးလာသည်လည်း ဖြစ်သည်။
အိပ်ရာနိုးနိုးချင်း မထသေးဘဲ ရှန်ချင်းချိုးက အပျင်းကြောဆန့်နေသေးသည်။ အပျင်းကြောဆန့်ပြီး မျက်လုံးကို မဖွင့်ချင် ဖွင့်ချင်နှင့် ဖွင့်လိုက်တော့ အဖြူရောင်ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ရှန်ချင်းချိုးက မည်သူ ဆိုသည်ကို တပ်အပ်သိပါသည်။
"ရှစ်စွမ်း. . .''
လော့ပင်းဟယ်က ရှန်ချင်းချိုးကို ဝမ်းသာအားရလှမ်းခေါ်သည်။
ရှန်ချင်းချိုးမှာ အနှီဇာတ်ဆောင်ကြီးကို နားမလည်နိုင်။ အမြဲတမ်းခက်ထန်နေသော မျက်နှာထားက ရှန်ချင်းချိုး အိပ်ရာနိုးလာတာကို မြင်ရသည်နဲ့ မှိုရသော မျက်နှာဖြစ်သွားသည်လား။
လော့ပင်းဟယ်နှင့် အကြည့်ချင်း ဆုံသွားတော့ ရှန်ချင်းချိုးက မင်သေစွာပင် ပြန်ဖြေသည်။
"အင်း. . .ပြန်လာပြီလား''
လော့ပင်းဟယ်က အလျင်အမြန် ခေါင်းညိတ်ပြသည်။ ထို့နောက် ရှန်ချင်းချိုး၏ နံဘေးကို ဝင်ထိုင်ပြီးပြောသည်။
"ရှစ်စွမ်း. . .''
"ဟင်. . .''
"တပည့်ကိုလွမ်းလား''
". . .''
ရှန်ချင်းချိုး ယခုမှ အိပ်ရာနိုးတာလေ။
လွမ်းတာပေါ့ တပည့်လေးရယ်ဟု ပလူးပလဲနိုင်သော စကားများ မပြောချင်ပါ။ မလွမ်းဘူးဟုဆိုပြန်လျှင်လည်း သကောင့်သားက ထ၍ ငိုဦးမည်။
[ဖြေရခက်နေရင် ရွေးချယ်စရာသုံးခုရှိပါတယ်]
ရှန်ချင်းချိုးမှာ systemသည် ယခုကဲ့သို့ ကျက်သရေအဖြာဖြာနှင့် ပြည့်စုံသော စကားကို ပြောတတ်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပါ။
![](https://img.wattpad.com/cover/203904902-288-k763029.jpg)
ESTÁS LEYENDO
Scum Villain's Self Saving System's Fan Fic [Complete]
FanficParallel Universe တစ်ခုမှာ ရှန်ချင်းချိုးနဲ့ လော့ပင်းဟယ်က တကယ်တည်ရှိနေမယ်လို့ကိုယ်ယုံကြည်တယ်။ ကိုယ်ယုံကြည်တဲ့ အတိုင်း ခံစားပြီးရေးထားသော Fan fiction သက်သက်သာဖြစ်ပါတယ်။