Part 1

26.2K 504 18
                                    

ကျွန်မနာမည်ကနန်းးအပြည့်အစုံဆိုရင်တော့နန်းသင်ဇာ။ကျွန်မဘဝမှာမိန်းကလေးတစ်ယောက်ကိုချစ်မိသွားလိမ့်မယ်လို့တခါမှမတွေးခဲ့ဖူးးဘူးအဲ့ဒါကလဲအဲ့မိန်းကလေးကိုနာကျင်အောင်ရက်ရက်စက်စက်ပြုမှုခဲ့ပြီးမှသူ့ကိုချစ်သွားခဲ့တာဟုတ်တယ်အဲ့ဒီကစခဲ့တာ။

"နန်းးရေမပြီးသေးဘူးးလားငါတို့သွားရတော့မယ်နော်တော်ကြာကားးမမှီပဲနေနေမယ်"ဟုအိမ်ရှေမှဆုပြည့်၏အသံကိုကြားးလိုက်ရသည်။သူတို့အုပ်စုတွေတော့ကြိုရောက်နေကြပြီ။ဟုတ်ပါသည်ကျွန်မတို့အုပ်စုရန်ကုန်သွား၍တဣသိုလ်တက်ပီးအလုပ်လုပ်ကြမည်ဖြစ်သောကြောင့်သူတို့တက်ကြွပြီးလာခေါ်နေကြတာ

"အေးးပါဟယ်လာပါပီနင်တို့ကတက်ကြွတဲ့ကြက်ဖကြီးတွေ ကျနေတာပဲရန်ကုန်သွားရမှာပျော်နေကြတယ်ငါဖြင့်ဒေါ်လေးးကိုစိတ်မချလို့အထုတ်တောင်သိမ်းးရတာမဖြောင့်ဘူးးကမတွေရေ"

"ဒေါ်လေးးကိုစိတ်ချပါနန်းးရယ်စိတ်မပူပါနဲ့ဒေါ်လေးးမကြာမကြာသမီးးဆီလာလည်ပါ့မယ်"
"စိတ်မချလို့ မရဘူးလေဒေါ်လေးးရယ်သမီးမှာဒေါ်လေးးတယောက်ပဲရှိတေ့ာတာသမီးဒေါ်လေးးကိုတော့ထပ်ပီးမဆုံးရှူံးချင်တော့ဘူးး"

ဟုတ်ပါတယ်ကျွန်မမိဘတွေမရှိတော့တဲ့တစ်ကောင်ကြွက်ဘဝမှာဒေါ်လေးးသည်သာအားထားးရာပါ.အရင်ဆုံးဖေဖေနှလုံးရောဂါနဲ့ဆုံးပါးသွားးသည်မေမေကတော့ဖေဖေ့စိတ်နဲ့ပဲမိမိကိုယ်တိုင်တီဘီရောဂါဖြစ်နေတာတောင်ဆေးးမသောက်ဘာမသောက်နဲ့နောက်ဆုံးးတော့မြီးကောင်ပေါက်အရွယ်သမီးးကို အစ်မ(ဒေါ်လေးးကမေ့မေ့အမအပျိုကြီး)ရဲ့လက်ထဲမှာစိတ်ချလက်ချထားသွားခဲ့ပါတယ်။

"ကဲကဲကလေးးတွေမှာမယ်နော် ဟိုရောက်ရင်စာကိုပဲအာရုံစိိုက်ဘာမှအပျော်အပါးမက်မနေကြနဲ့ အလုပ်လုပ်ကြရင်လဲသေချာအလုပ်ကိုတာဝန်ကျေအောင်လုပ်ကြရတဲ့လစာတွေကိုလဲထင်တိုင်းကြဲမနေဘဲနဲ့စီစစ်ပီးသုံးကြဟုတ်ပီလား"

"ဟုတ်ကဲ့ပါဒေါ်လေးရဲ့စိတ်မပူပါနဲ့သမီးတို့စည်းကမ်းးရှိရှိနဲ့ခြိုးခြံချွေတာပီးသုံးပါ့မယ်"ဟု ကျွန်မတို့အဖွဲ့ထဲမှအသွက်ဆုံးးနေခြည်မှထပြော၏.

 Only Love You ...Where stories live. Discover now