Part-15

3.2K 221 6
                                    

"ဟန်နီ ဟန်နီ ထလေ မနိုးသေးဘူးလား
မနက်10နာရီတောင်ထိုးတော့မယ်နော်ကုဋေရှစ်ဆယ်သူဌေးသမီးလေးရေထပါတော့"

"မနောက်ပါနဲ့ သဇင်ရယ် ညကစာရေးတာများသွားလို့လေ မနက်သုံးနာရီမှအိပ်ရတယ် ခုတောင်ခေါင်းကနောက်တောက်တောက်နဲ့ဘာကိတ်စလဲဟင်"

"ကိတ်စကတော့ ဟိုနှစ်ယောက်လေ သူတို့ဒီနေ့ပြန်လာမယ်တဲ့ဟိုကနေထွက်လာနေပီတဲ့အဲ့ဒါငါ့ကိုဟင်းကောင်းကောင်းချက်ထားပါဆိုပြီးလှမ်းမှာလို့ အဲ့ဒါငါစျေးသွားမလို့နင်လိုက်အုံးမလားလို့"

"နန်းတို့ ဒီနေ့ပြန်လာမှာလားဟင်"

"အေးလေ သူတို့ပြန်လာကြမှာ ဆေးရုံမှာလဲဟုတ်တိပက်တိစားကြမှာမဟုတ်တော့အိမ်ထမင်းအိမ်ဟင်းကောင်းကောင်းလေးချက်ကျွေးမလို့စျေးသွားမလို့ တော်ကြာ မောမောပန်းပန်းနဲ့ပြန်လာပြီး ခေါက်ဆွဲ ပြုတ်စားနေရ ရင်မကောင်းဘူးလေ လိုက်မှာလား လိုက်ရင်မြန်မြန်လုပ်"

ဟား ဒီမနက်ခင်းက နိုးထရတာကျက်သရေ မဂ်လာအဖြာဖြာပါပဲ နန်းပြန်လာတော့မယ်တဲ့ ပျော်လိုက်တာ ပြန်လာမှပဲ နို့မို့ဆို ဒီကလွမ်းနာကျ ပြီးသေတော့မှာလေ။ နန်းပြန်လာလို့ပျော်တာကတစ်ကြောင်း ပြီးတော့ဟန်နီစိတ်ထဲမှာ ဟိုကိတ်စကိုလဲစိတ်ကထင့်နေမိ။
နန်းလဲသိထားတယ်ဆိုတော့ အခြေအနေအရမ်းမဆိုးလောက်ပါဘူးနော် ဒီလိုတွေးမိတော့လဲ နန်းကိုမရင်ဆိုင်ရဲ တစ်ဖက်မှာလဲနန်းကိုချစ်တဲ့စိတ်နဲ့အလွမ်းနာကျ ဟူး
ညနေနန်းမျက်နာ ဘယ်လိုကြည့်ရပါ့မလဲနော်။

နန်း နဲ့နေခြည်အကြိုက်ဟင်းများချက်ရန်
လိုအပ်သည်များကိုလိုက်ဝယ်နေတာ စျေးထဲတွင်တော်တော်ကြာသွားသည်။ ကိုယ်ကဟင်းမချက်တတ်သော်လဲ သဇင်အေးချက်တာကိုပဲဘေးကနေလိုက်ကူပြီး နန်းဆီကအမှတ်ယူရမည်လေ။

စျေးကအပြန်လမ်းခုလတ်တွင်ဖြစ်သည်။

"သဇင်"

"ဟင် ဘာလဲ"

"နင် နန်းနဲ့ခင်တာဘယ်လောက်ကြာပြီလဲ"

"နန်းနဲ့လား ငါတို့အဖွဲ့ထဲမှာငါကသူနဲ့အရင်ဆုံးဆုံပြီးအရင်ဆုံးခင်ခဲ့ကြတာ ရှစ်တန်းလောက်ကများလားး အဲ့တုန်းကငါကကျောင်းပြောင်းလာတာပေါ့ ကျောင်းအသစ်မှာမလည်မဝယ်နဲ့
အပေါင်းအသင်းလုပ်မဲ့သူတစ်ယောက်မှမရှိတုန်းက နန်းကပဲအရင်လာစခေါ်ပြီး သူ့ဘေးနားမှားထိုင်စေခဲ့တာ အဲ့ဒါနဲ့ပဲငါတို့သူငယ်ချင်းဖြစ်သွားကြတာ ဟိုဟာမတွေကတော့ 9တန်းရောက်မှစဖြစ်တာ။ နန်းကအပေါင်းအသင်းသိပ်မင်တာ ဘယ်သူကိုမဆိုသူကအရင်စခေါ်တယ် ဆက်ဆံရေးကလဲကောင်းတော့ သူမှာအပေါင်းအသင်းမိတ်ဆွေကလဲအများသား
နောက်ပြီးသူရဲ့ထူးဆန်းတဲ့အချက်ကဘာလဲသိလား သူနဲ့ခင်ပြီးသွားရင် အဲ့လူက နန်းမှနန်းပဲ ဖြစ်သွားတာ ငါ့ရဲ့အခင်ဆုံးသူကနန်းပဲလေ 9တန်းရောက်တော့ငါနဲ့နန်းအခန်းတူတူမကျတော့ ငါ့မှာငိုလိုက်ရတာ ငါကBioသူကECOလေ အဲ့ဒါနဲ့ငါလဲ သူနဲ့အခန်းတူတူကျအောင် Ecoလိုက်ယူမယ်လုပ်တော့ သူကမယူခိုင်းဘူးလေ
နင်စိတ်ဝင်စားတဲ့ဘာသာရပ်ကိုပဲသင်တဲ့
ငါနင့်အခန်းဆီနေ့တိုင်းလာခဲ့မယ်တဲ့
တစ်ကယ်လဲ တစ်နှစ်ပတ်လုံး သူငါ့အခန်းဆီမုန့်စားဆင်းချိန်ဆိုရောက်ရောက်လာတယ်။ ဒါပေမဲ့ပိုပြီးရယ်စရာကောင်းတာကဘာလဲသိလားဟန်နီ"

 Only Love You ...Where stories live. Discover now