Part-14

3.2K 245 1
                                    

"ဟန်နီရေ ဟန်နီ ဟန်နီသမီး"

"ဟန်နီမရှိဘူးအန်တီသင်းသင်း စာအုပ်တိုက်ကိုစာမူသွားပို့တယ် ညနေလောက်မှပြန်လာမှာ ဘာဖြစ်လို့လဲ"

"အေး ဆုပြည့်ရေ သူပြန်လာရင်အန်တီကိုလာခေါ်ချေ။ ပီးတော့ညနေအဆောင်ကလူတွေအကုန်လုံးကိုစုထားလိိုက်အစည်းအဝေးရှိတယ်လို့ကြားလား သူရောက်တာနဲ့လာခေါ်နော် ဒါပဲအန်တီအရမ်းအလုပ်များနေတယ် အော် ဒါနဲ့ ဟန်နီဘာကြိုက်တတ်လဲသမီးသိလား"

"ရှင် ဟိုဘာကိုလဲ"

"အော် သူဘာအစားအစာတွေကြိုက်လဲလို့သူထူးထူးခြားခြားကြိုက်တာတွေဘာတွေမရှိဘူးလား "

"အဲ့လိုမျိုးတော့ သမီးသေချာမသိဘူး သူကနန်းနဲ့တူတူချက်စားတာဆိုတော့ သူ့အကြိုက်ကိုနန်းပဲသိမှာ"

"အိုအေ ညည်းသိတာဘာမှကိုမရှိဘူး
ထားလိုက်ပါတေ့ာ ညနေငါပြောတဲ့အတိုင်းသာလုပ်ပေးဟုတ်ပီလားအရမ်းအရေးကြီးတယ်နော် ညည်းတို့ရော ငါတို့မိသားစုပါဘုံပျောက်မယ့်ကိန်းဆိုက်နေလို့ဒါပဲအေသွားပီ ငါသူကြိုက်တတ်မယ်ထင်တာလေးတွေသွားချက်လိုက်အုံးမယ်"

တစ်ယောက်ထဲ တစ်တွတ်တွတ် ပြောပြီးထွက်သွားသောအန်တီသင်းသင်းကိုဆုပြည့်နားမလည်နိုင်ဖြစ်မိသည် ကိုယ့်ကိုတောင်အသားလွတ်ဘာမဆိုင်ညာမဆိုင်ပတ်ရမ်းသွားသေး ဘာအစည်းအဝေးပါလိမ့် ဘယ်သူတွေဘုံပျောက်မှာလဲ ဘာတွေလဲ.........

~~~~~~~~~~~

"ယောကျာ်း ယောကျာ်း ယောကျ်ား"

"ဟာ ဖြည်းဖြည်းအော်ပါဟ ငါခုအလုပ်မှာသင်းသင်း အကြာကြီးပြောလို့မရဘူး
ဘာလဲပြော အလုပ်ရှုပ်နေတယ်"

"ရှင့် သူဠေးရှင့်ကိုဘာပြောသေးလဲ
သူရှင့်ကိုအလုပ်ထုတ်လိုက်ပီလားဟင်"

"ဟာ ဒီမိန်းမ မဦးမချွတ်ဘာတွေလာပြောနေတာလဲ ငါဆဲမိတော့မယ် သူဠေးကငါ့ကိုဘာကိတ်စအလုပ်ထုတ်ရမှာလဲ ဘာတွေဖြစ်နေတာလဲ ငါ့ကိုပြောစမ်း"

"ရှင့်ကိုကျွန်မဟိုတစ်နေ့ ကအဆောင်က
အကျင့်ပျက်ခလေးမအကြောင်းပြောမိတာမှတ်မိလား"

 Only Love You ...Where stories live. Discover now