--------

1K 125 64
                                    

Not Update.....

ညီမစကားလေးနဲနဲပြောချင်လို့ပါ။

အချိန်ရရင် ဆက်ဖတ်ပေးပြီး အချိန်မရတဲ့လူတွေလဲ ပြန်ထွက်သွားလို့ရပါတယ်စာကတော်တော်ရှည်လို့ပါ ဒီတောအတွင်းညီမ ခံစား​ေနရတာကိုအားလုံးနဲ့တူတူနဲနဲဆွေးနွေးချင်လို့ပါ။

အရင်ဦးဆုံးအနေနဲ့ဒီonly love u ficလေး
Read 70K နဲ့ Vote 5Kရသွားတဲ့အတွက်
အပိုင်းတစ်ကနေ ဖတ်ပေးလာတဲ့ လူကြီးမင်းတို့ကိုအရမ်းကျေးဇူးတင်ပါတယ်။

ပထမဦးဆုံးပြောချင်တာကတော့..
အားလုံးရဲ့အမြင်မှာ ဒီfic ကအရမ်းအရစ်ရှည်နေလားဟင် ဇာတ်ကိုမလိုအပ်ပဲအတင်းဆွဲဆန့်နေတယ်လို့ရောထင်မိလား ပြီးသင့်နေတာကို မပြီးဘဲ ဇာတ်ထုတ်တွေရှုပ်နေတယ်လို့ရောထင်လား
ကိုယ်တိုင်ကလဲ သတိမထားမိဘူး ကိုယ့်စိတ်ကူးလေးထဲကအတိုင်းပဲသွားနေတာ
သူငယ်ချင်းပြောမှ ကိုယ့်ဟာကိုပြန်ကြည့်ပြီး တွေသွားတယ်။ အဲ့နောက် တစ်ခါထဲpsychoပါဝင်လာတယ်..ဒီတစ်ခေါက်updateကြာတာလဲအဲ့ဒါကြောင့်ပဲ..ငါဒီအပိုင်းကိုထပ်ရေးလိုက်ရင် အပိုင်းတွေပိုများသွားမှာပဲလို့တွေးမိလို့။ ကိုယ်တောင် အပိုင်းတွေတစ်အားများနေတယ်လို့တွေးမိတယ်ဆိုရင် ဒီficကိုဖတ်နေတဲ့လူတွေထဲကတစ်ယောက်ယောက်ကလဲကျိန်းသေပေါက်တွေးမိမှာပဲလို့ညီမထင်လို့ အခုလိုစာအရှည်ကြီးရေးပြီးရှင်းပြချင်လို့ပါ..။

အခုဒီFicကိုရေးတာ အပိုင်းအားလုံး
ရေကြည့်ရင် 85ပိုင်းတောင်ရှိပါတယ်။မသိရင်တရုတ်​သိုင်းစာအုပ်ကျနေတာပဲ...ဒါကလဲ Unicode နဲ့Zawgyiကိုတစ်ပိုင်းစီခွဲတင်ပေးနေလို့ပါ။ အဲ့ကိတ်စကိုလဲ ပြီးကျမှဆက်ပြောမယ်...အခု ပြောမှာက ဇာတ်လမ်းကပြီးနေတာကို Extraတွေတစ်ပုံတစ်ပင်ဖြစ်နေတာကိုအရင်ပြောပါရစေ။

ဒီOnly Love U Ficလေးဆိုတာကိုယ်စရေးတုန်းကမှတ်မှတ်ရရ အပိုင်း9လောက်ထိ No Read.. No Vote.. No Comment..ပါ။ ပထမဆုံးရေးတဲ့ficမို့လို့လားမသိဘူး...ဖတ်တဲ့လူရှိတာမရှိတာကိုသိပ်ပြီးတော့လဲ အရမ်းကြီးစိတ်မပျက်ဘူး
ကိုယ့်ဟာကိုရေးတယ် ဖတ်တယ် Voteပေးတယ်...နန်းနဲ့ဟန်နီရဲ့ပထမဆုံးစာဖတ်ပရိသတ်ကိုပြောပါဆိုရင်တော့ ကိုယ့်ကိုကိုယ်ပဲလက်ညှိုးထိုးပြရမှာပဲ။ စိတ်ပျော့သူပီပီ သံယောဇဉ်လဲအရမ်းကြီးပါတယ်။ ဒီFicထဲကဇာတ်ကောင်တွေဖြစ်တဲ့
နန်းနဲ့ဟန်နီကနေစပြီး အခုနောက်ဆုံး ဇာတ်ကောင် အယ်ဗလင်ထိ ညီမအကုန်လုံးကိုသံယောဇဥ်ရှိတယ်။

 Only Love You ...Where stories live. Discover now