Part-19

2.7K 218 9
                                    

"ဟယ် တစ်ကယ်ကြီး နန်းကအဲ့လိုပြောတာလားကောင်း"

"ဟုတ်တယ် နေခြည် ကျွန်တော်တို့အခုချစ်သူတွေဖြစ်သွားပြီ ကျေးဇူးပါနေခြည့်ကျေးဇူးတွေအများကြီးပါတယ် နောက်မှသတ်သတ်ကျေးဇူးဆပ်အုံးမယ်"

"မဟုတ်တာကောင်းရယ် ခုတောင် နင့်ကျေးဇူးတွေငါ့အပေါ်မှာတော်တော်များနေပါပြီ နင်တို့အဆင်ပြေတယ်ဆိုရင်ပဲငါဝမ်းသာလှပါပြီ ငါ့သူငယ်ချင်းကိုသေချာချစ်ပြီးတန်ဖိုးထားပေးပါ သူမိဘတွေဆီကမရခဲ့တဲ့ ချစ်ခြင်း​မေတ္တာ​မျိုးကိုပေးပေးပါ"

"စိတ်ချပါ နေခြည် ကျွန်တော်နန်းကိုတစ်ဘဝလုံးစောင့်ရှောက်သွားမှာ သူ့ကိုအပေါ်ယံချစ်ခဲ့တာမဟုတ်ဘူးဆိုတာသက်သေပြပါ့မယ်"

"အေးပါ......ဟော နန်းအလုပ်သွားဖို့ထွက်လာပြီကောင်း နင်လမ်းထိပ်မှာမှတ်လား"

"ဟုတ်တယ်နေခြည် ကျွန်တော်လမ်းထိပ်ကလက်ဖက်ရည်ဆိုင်မှာစောင့်နေတယ် သူကိုအလုပ်လိုက်ပို့မလို့ အဆောင်ရ​ှေ့ထိလာစောင့်ခေါ်ချင်တာ ဒါပေမယ့်နန်းမကြိုက်မှာစိုးလို့ အခုမှ ပူပူနွေးနွေးအဖြေရထားတာ အမှားလုပ်မိလို့မဖြစ်ဘူးလေ"

"ဟားဟား ဟုတ်ပါပြီ စောင့်နေ စောင့်နေ သူထွက်လာတော့မယ်"

~~~~~~~~~~~~~~~~~~~~ ~~~~~~~
" အံမယ် မနေ့တစ်နေ့ကထိfaဖြစ်နေတဲ့ဟာမကခုကျတော့RSနဲ့တဲ့လား"

"ပါးစပ်ကိုပိတ်ထားနေခြည် ဒီအကြောင်းကိုနင်တစ်ယောက်ပဲသိထားအုံး"

"ဟင် နင်ဆုပြည့်တို့ သဇင်အေးတို့ကိုမ​ပြောပြဘူးလား ဒါမျိုးကလျှိုထားလည်းအချိန်တန်ပေါ်မှာပဲ"

"ဘယ်သူကလျှိုထားမယ်ပြောလဲ ပြောပြလဲငါ့ဘာသာပဲသူတို့ကိုပြောပြမယ် ခုတော့ဘယ်သူ့ကိုမှလ​ျှောက်ပြောမနေနဲ့"

"အေးပါ ဟားဟား ပြောတော့ဘာဖြစ်တယ်လေး ညာဖြစ်တယ်လေးနဲ့ ခုကျတော့ ရည်းစားတွေတောင်ဖြစ်သွားပြီတဲ့လား မြန်ချက်"

"တော်တော့နော် နေခြည်ငါနင့်ကိုထုမိတော့မယ် "

"အမလေး ကြောက်ပါတယ် အမရယ် သွားတော့အလုပ်ကိုနောက်ကျနေမယ်hee~heee"

 Only Love You ...Where stories live. Discover now